၁၂ မိနစ်အတွင်း ကြက်တောင်ပံ ၂၇၆ ခု စားပြခဲ့တဲ့ အမျိုးသား

International News
၁၂ မိနစ်အတွင်း ကြက်တောင်ပံ ၂၇၆ ခု စားပြခဲ့တဲ့ အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၂ မိနစ်အတွင်း ကြက်တောင်ပံ ၂၇၆ ခု စားပြခဲ့တဲ့ အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၂ မိနစ်အတွင်း ကြက်တောင်ပံ ၂၇၆ ခု စားပြခဲ့တဲ့ အမျိုးသား

အစားပြိုင်ပွဲဝင်ဩစတြေးလျနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဂျိမ်းစ် ဝက်ဘ်ဆိုသူက ကြက်တောင်ပံ ရာကျော်ကို စားပြပြီး ကမ္ဘာ့စံချိန်ချိုးပစ်ခဲ့ပါတယ်။ ဂျိမ်းစ်က Chicken Wing Eating Championship ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သူက အရင်စံချိန်ကိုင်ဆောင်ထားတဲ့ ဂျိုးချက်စနတ်နဲ့တောင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်ခဲ့တာပါ။


ဂျိမ်းစ်က အဲဒီပြိုင်ပွဲမှာ ၁၂ မိနစ်အတွင်း ကြက်တောင်ပံ ၂၇၆ ခု စားပြနိုင်ခဲ့ပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဂျိုးချက်စနတ်ကတော့ ဂျိမ်းစ်နဲ့တွေ့မှပဲ ကြက်တောင်ပံ ၂၄၀ ပဲ စားပြနိုင်ခဲ့ပြီး ဒုတိယနေရာရသွားခဲ့ပါတယ်။ ဂျိမ်းစ်က တော်တယ်။ သူ့ကို အံ့အားသင့်စေခဲ့တယ်။ အဲ့လောက်မြန်လိမ့်မယ်ဆိုတာ မသိခဲ့ဘူးလို့ ဂျိုးချက်စနတ်က ပြောပါတယ်။

ဂျိမ်းစ်က အစားပြိုင်ပွဲတွေ ဝင်ယှဉ်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ်က Hotdog အစားပြိုင်ပွဲမှာ ၁၀ မိနစ်အတွင်း Hotdog ၄၁ ခု စားနိုင်ခဲ့လို့ တတိယနေရာကို ရခဲ့ပါတယ်။ အခုနှစ် ဇူလိုင်လမှာ ပြုလုပ်တဲ့ ပြိုင်ပွဲမှာ Hotdog ၄၇ ခု စားနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ဂျိုးချက်စနတ်ဟာ Hotdog ၆၂ ခု စားနိုင်ခဲ့လို့ ပထမနေရာရရှိခဲ့ပါတယ်။

ရေးသားသူ –yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။