အသည်းအဆီဖုံးရောဂါ အတွက် အစွမ်းထက်တဲ့ လဲလူရွက်

Health Knowledge
အသည်းအဆီဖုံးရောဂါ အတွက် အစွမ်းထက်တဲ့ လဲလူရွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသည်းအဆီဖုံးရောဂါ အတွက် အစွမ်းထက်တဲ့ လဲလူရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသည်းအဆီဖုံးရောဂါ အတွက် အစွမ်းထက်တဲ့ လဲလူရွက်

အသည်းအဆီဖုံးရောဂါဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အဆီအဆိမ့်များခြင်း၊ အထိုင်များ၍ လှုပ်ရှားမှုနည်းပါးခြင်း၊ အအိပ်များခြင်း၊ ဇိမ်ခံလွန်းခြင်းစသည်တို့ကြောင့် ဖြစ်ရပါတယ်။အသည်းအဆီဖုံးရောဂါကိုခံစားနေရသော ဝေဒနာရှင်များမှ သဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ရန် မကြာခဏ တောင်းဆိုလာကြသည့်အတွက် ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။မြန်မာ့ဆေးကျမ်းတွေက ဆိုရိုးစကားတစ်ခုရှိပါတယ်။ “အသည်း၊ အူ လဲလူ” တဲ့။အသည်းရောဂါနဲ့ အူရောဂါအတွက်ဆိုရင် လဲလူရွက်ဟာ အကောင်းဆုံးသဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။

၁။ လဲလူပင်ဟာ အရွက်၊ အသီး၊ အပွင့်၊ အပင်၊ အမြှစ် ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်ပါတယ်။

၂။ အရွက်နုနဲ့ အညွန့်များကို ဟင်းရည်ချက်သောက်လို့ရပါတယ်။

၃။ အရွက်များကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။

၄။ အရွက်နုနဲ့ အညွန့်များကို ငါးရံ့နဲ့အတူ ချက်စားရင် အရသာလည်း ပိုရှိသလို ဆေးဖက်လည်း ဝင်ပါတယ်။

၅။ ပ ဉ္စငါးပါးစလုံးကို ရေစင်အောင်ဆေးပြီး ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ ဆေးအဖြစ် သောက်နိုင်ပါတယ်။

လဲလူရွက်ဟာ အသည်းရောင်၊ အသည်းကြီး၊ အသည်းခြောက်၊ အူသိမ် အူမထဲမှာဖြစ်တဲ့ ဂေါရာများ၊ အစာအိမ်ရောဂါများကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

လဲလူရွက်ကို အင်္ဂလိပ်လို (Olax psittacorum) သို့မဟုတ် (Olax scandens) လို့ခေါ်ပြီး အခြား မြန်မာအခေါ်အဝေါ်များကတော့ လဲလောပင်၊ တောင်လဲလူပင်လို့လည်း ခေါ်ဝေါ်ကြောင့် မြန်မာ့စွယ်စုံကျမ်းမှာ ဖွင့်ဆိုထားပါတယ်။ အဖိုပင်၊ အမပင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံးဆေးဖက်ဝင်ပါတယ်။

လဲလူပင်ဟာ အထက်အညာဒေသမှာ ပေါပါတယ်။

ဧရာဝတီတိုင်း ကျိုက်လတ်ဘက်မှာလည်း ပေါပါတယ်။ ရန်ကုန်ဆိုရင် အနီးဆုံး လှည်းကူးမှာ ရှိပါတယ်။ အင်းစိတ် ဒညှင်းကုန်းဘူတာဈေးမှာ ရှိတတ်သလို ကုန်စိမ်းသည်များကို ကြိုတင်မှာယူလို့လည်း ရနိုင်ပါတယ်။လဲလူနှင့်ပတ်သက်ပြီး အရှေ့တိုင်း၊ အနောက်တိုင်းဆေးပညာရပ်များကို စုံနိုင်သမျှလေ့လာထားသည်ကို ဝေဒနာရှင်များ သက်သာပျောက်ကင်းပါစေကြောင်း စေတနာများစွာဖြင့် မျှဝေပေးလိုက်ရပါသည်။

ရေးသားသူ –စောနွဲ့နေဆိုင်(ပူတာအို)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။