One Piece Netflix စီးရီးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်သွားခဲ့တဲ့ Zoro ဇာတ်ကောင်မင်းသား

Celebrity International News
One Piece Netflix စီးရီးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်သွားခဲ့တဲ့ Zoro ဇာတ်ကောင်မင်းသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ One Piece Netflix စီးရီးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်သွားခဲ့တဲ့ Zoro ဇာတ်ကောင်မင်းသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

One Piece Netflix စီးရီးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်သွားခဲ့တဲ့ Zoro ဇာတ်ကောင်မင်းသား

ဂျပန်နာမည်ကြီး Manga နဲ့ anime ကို ပြန်လည်အသက်သွင်းထားတဲ့ One Piece စီးရီးအောင်မြင်မှုရရှိတာနဲ့ အဲဒီမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Zoro ဇာတ်ကောင်မင်းသား အသက် ၂၆ နှစ်အရွယ် အမေရိကန်ဖွားဂျပန်မင်းသား မာကန်ယူကလည်း နာမည်ရလာခဲ့ပါတယ်။ သူ့ရဲ့ရုပ်ရည်နဲ့ အက်ရှင်ဟီးရိုးကိုယ်လုံးကိုယ်ထည်ကြောင့် ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်လာခဲ့တာပါ။

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်နေတဲ့ မာကန်ယူအကြောင်းကို ပြောပြရရင်တော့


၁ သူက ဂျပန်နာမည်ကြီးသရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဆန်နီချီးဘားရဲ့သားပါ
သူ့အဖေ ဆန်နီချီးဘားဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် သရုပ်ဆောင်ဆုများစွာရရှိခဲ့ပြီး ၈၀ ပြည့်နှစ်နဲ့ ၉၀ ပြည့်နှစ်ဝန်းကျင်မှာ ဂျပန်ကိုယ်ခံပညာမင်းသားအဖြစ် နိုင်ငံတကာရဲ့အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

သူက ဟောင်ကောင်ရုပ်ရှင် The Storm Riders မှာ ပါဝင်ခဲ့သလို Kill Bill: Volume 1 (2003)၊ The Fast and the Furious: Tokyo Drift (2006) အပါအဝင် ဟောလိဝုဒ်ရုပ်ရှင်ကားတော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။ မာကန်ယူက ဒုတိယဇနီးနဲ့ရရှိခဲ့တဲ့ သားပါ။ ဆန်နီချီးဘားက ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ရောဂါနဲ့ thayဆုံးခဲ့ပါတယ်။

၂ မာကန်ယူမှာ မွေးချင်းမောင်နှမ ၂ ဦးရှိပါတယ်

အဖေတူအမေကွဲအစ်မဖြစ်သူ ဂျူရီ မာနာဆဲက ထရိန်နာနဲ့ စတန့်သမားဖြစ်ပါတယ်။ ညီအငယ်ဆုံး ဂျော်ဒန်ကလည်း မင်းသားတစ်ယောက်ဖြစ်ပြီး နာမည်ကြီးဂျပန်ဇာတ်ကား Tokyo Revengers မှာ တာခါရှီ မီဆုယာဇာတ်ကောင်နဲ့ လူသိများပါတယ်။

၃ သူက စွယ်စုံရမင်းသားပါ

လော့စ်အိန်ဂျလိစ်မှာ ကြီးပြင်းခဲ့ပြီး Beverly Hills အထက်တန်းကျောင်းတက်ခဲ့တဲ့ မာကန်ယူက ကရာတေးနဲ့ ကျွမ်းဘားကျွမ်းကျင်ပါတယ်။ သူက ရေပိုလိုကစားသမားလည်းဖြစ်ခဲ့သလို အထက်တန်းကျောင်းနပန်းအဖွဲ့ဝင်လည်းဖြစ်ခဲ့ပါတယ်။ စန္ဒယားလည်း တီးတတ်ပြီး အထက်တန်းကျောင်းရဲ့လေမှုတ်ကြေးတူရိယာဝိုင်းမှာ ပါဝင်ကာ ဆက်ဆိုဖုန်းနဲ့ ပလွေမှုတ်ခဲ့ပါတယ်။

၄ Manga ရဲ့ Live Action စီးရီးမှာ ပါဝင်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

မာကန်ယူက Manga ကို ပြန်လည်အသက်သွင်းထားတဲ့ Live Action တော်တော်များများမှာ ပါဝင်ခဲ့ဖူးပါတယ်။ oJo’s Bizarre Adventure (2017)၊ Rurouni Kenshin: The Final (2021)၊ Fullmetal Alchemist (2022)၊ Knights of the Zodiac (2023) တို့မှာ ပါဝင်ထားပါတယ်။

၅ သူက လက်ထပ်ထားပြီးသားပါ

Mackenyu on How He Got the Play Zoro in Netflix's 'One Piece' Series -  Murphy's Multiverse

 

မာကန်ယူက အခုနှစ် ဇန်နဝါရီလကမှ လက်ထပ်လိုက်ပြီဆိုတာကို ကြေညာခဲ့တာပါ။ သူ့ဇနီးဖြစ်သူက အနုပညာလောကမဟုတ်ဘူးဆိုတာနဲ့ သူတို့တွဲခဲ့ကြတာကြာပြီဆိုတာကိုပဲ သိရပါတယ်။ သူ့ညီဖြစ်သူဂျော်ဒန်ကလည်း လက်ထပ်ပြီးသားပါ။ မာကန်ယူလိုပဲ သူ့ဇနီးရဲ့သရုပ်မှန်ကို လျှို့ဝှက်ထားပါတယ်။ မာကန်ယူ လက်မထပ်ခင်က အနုပညာရှင်တော်တော်များများနဲ့ ချိန်းတွေ့တဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။