နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှုကြုံတွေ့

International News
နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှုကြုံတွေ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှုကြုံတွေ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှုကြုံတွေ့

ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့တွေမှာ စံချိန်တင် မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့ပါတယ်။ စက်တင်ဘာလ ၇ ရက် ညပိုင်းက စတင်ရွာသွန်းခဲ့တဲ့ မိုးဟာ နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း ဟောင်ကောင်မြို့မှာ အကြီးမားဆုံး မိုးရွာသွန်းမှု ဖြစ်ခဲ့ပါတယ်။

ကြာသပတေးနေ့ည ၁၁ နာရီကနေ သန်းခေါင်ယံအချိန်အထိ မိုးရေချိန် ၆.၂ လက်မ ရွာသွန်းခဲ့ပြီး မိုးရေချိန်မှတ်တမ်း စတင်ကောက်ယူခဲ့တဲ့ ၁၈၈၄ ခုနှစ်နောက်ပိုင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပါတယ်။

ဟောင်ကောင်မြို့မှ လမ်းတွေ၊ မြေအောက်ဘူတာရုံတွေမှာ ရေဖုံးလွှမ်းခဲ့ပြီး စာသင်ကျောင်းတွေ၊ အလုပ်တွေကိုလည်း ပိတ်ထားရပါတယ်။
ရာသီဥတု ဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆေးရုံတင်ပို့ပေးခဲ့ရသူ အနည်းဆုံး ၈၃ ဦး ရှိတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ဆိုပါတယ်။ ရေကြီးရေလျှံမှုကြောင့် မြေပြိုပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

ဟောင်ကောင်မြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာလည်း ၁၉၅၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးမိုးရွာသွန်းမှု ကြုံတွေ့ခဲ့ပါတယ်။ ကွမ်တုံပြည်နယ်မှာတော့ လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။