နောက်အနှစ် ၃၀ အထိ တစ်လကို ဒေါ်လာ ၁ ၂၀၀၀ ကျော်ရရှိမယ့် ထီဆုကြီး ပေါက်ခဲ့တဲ့ အမျိုးသမီး

International News
နောက်အနှစ် ၃၀ အထိ တစ်လကို ဒေါ်လာ ၁ ၂၀၀၀ ကျော်ရရှိမယ့် ထီဆုကြီး ပေါက်ခဲ့တဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နောက်အနှစ် ၃၀ အထိ တစ်လကို ဒေါ်လာ ၁ ၂၀၀၀ ကျော်ရရှိမယ့် ထီဆုကြီး ပေါက်ခဲ့တဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နောက်အနှစ် ၃၀ အထိ တစ်လကို ဒေါ်လာ ၁ ၂၀၀၀ ကျော်ရရှိမယ့် ထီဆုကြီး ပေါက်ခဲ့တဲ့ အမျိုးသမီး

အင်္ဂလန်နိုင်ငံက အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးဟာ နောက် အနှစ် ၃၀ အထိ တစ်လကို ဒေါ်လာ ၁၂၄၃၃ ရရှိမယ့် ထီဆုကြီး ပေါက်ခဲ့ပါတယ်။ ဒိုရစ် စတန်ဘရစ်အမည်ရတဲ့ အဲ့အမျိုးသမီးက ဒီထီဆုဟာ သူ့ကို အသက် ၁၀၀ အထိ နေနိုင်စေဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒိုရစ်က အခုလိုထီဆုကြီးပေါက်မယ့် ထီလက်မှတ်ကို အသက် ၇၀ နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ ဝယ်ယူခဲ့တာပါ။ ဒိုရစ်က App ကနေတဆင့် Set For Life ထီလက်မှတ်ကို ဝယ်ယူဖြစ်ခဲ့တာပါ။ သီတင်းပတ်ကျော်လောက်က National Lottery ဆီက အီးမေးလ်တစ်စောင်လက်ခံရရှိခဲ့ပါတယ်။ သူက ၁၂ ဒေါ်လာလောက်ပဲ ပေါက်ခဲ့တယ်လို့ ထင်ခဲ့တာပါ။ အီးမေးလ်မှာ ရေးထားတာက “ဂုဏ်ယူပါတယ်…နှစ် ၃၀ လုံး တစ်လကို ဒေါ်လာ ၁၂၄၃၃ ရရှိသွားခဲ့ပါပြီ”တဲ့။

ဒိုရစ်က မယုံနိုင်ဖြစ်လို့ သူ့သားမက်ကို သေချာအောင်မေးခဲ့ရပါတယ်။ နောက်နေ့မနက်ကျတော့ The National Lottery ကနေ တရားဝင်အတည်ပြုစာလက်ခံရရှိခဲ့ပါတယ်။ အခုဆို ဒိုရစ်နဲ့ သူ့ခင်ပွန်းဖြစ်သူတို့က သူတို့ရဲ့မိသားစုနဲ့ အားလပ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းနေကြပါပြီ။ သူတို့ရဲ့နေအိမ်ကို ပြန်လည်မွမ်းမံပြင်ဆင်ဖို့ စီစဉ်ထားပြီး နိုင်ငံရပ်ခြားကိုလည်း အားလပ်ရက်ခရီးထွက်ဖို့လုပ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။