ဆေးလိပ်သောက်သူများ၊ ခံတွင်းနံ့နံသူများ၊ ချောင်းဆိုးနေသူများအတွက် အဆုတ်ကို သန့်ရှင်းပေးနိုင်မယ့် ဆေးနည်း

Health
ဆေးလိပ်သောက်သူများ၊ ခံတွင်းနံ့နံသူများ၊ ချောင်းဆိုးနေသူများအတွက် အဆုတ်ကို သန့်ရှင်းပေးနိုင်မယ့် ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆေးလိပ်သောက်သူများ၊ ခံတွင်းနံ့နံသူများ၊ ချောင်းဆိုးနေသူများအတွက် အဆုတ်ကို သန့်ရှင်းပေးနိုင်မယ့် ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆေးလိပ်သောက်သူများ၊ ခံတွင်းနံ့နံသူများ၊ ချောင်းဆိုးနေသူများအတွက် အဆုတ်ကို သန့်ရှင်းပေးနိုင်မယ့် ဆေးနည်း

ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ် အပူ များနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။လိုအပ်သောပစ္စည်းများ ကန်စွန်းရွက် (၁) Kg( အရိုးကိုပါ အသုံးပြုပါ။)

ပျားရည် (၄၀၀) ဂရမ် ရေ (၄)လီတာမျှ ရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး ပြုလုပ်နည်းမှာ – အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။ အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။

မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက် သောက်ရပါမည်။

ကန်စွန်းရွက်ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။ အကျိုးသက်ရောက်ပုံများမှာ…(၁) အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ် သန့်ရှင်းစေသည်။

ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုး ရစေသည်။

(၂) အာပုပ်နံ့နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။

(၃)ပူ၍ခြောက်သွေ့သော ရာသီတွင်

ခန္ဓာကိုယ်တွင်း အပူများသူများ သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။

(၄) အဆုတ်ကို သန့်ရှင်းစင်ကြယ်စေသဖြင့်ချောင်းဆိုးနေသူများအတွက် သင့်လျော်ကောင်းမွန်သော ဆေးတစ်လက်ဖြစ်သည်။

ရေးသားသူ – Myanmar Foward

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။