ခေါင်းကိုက်ဝေဒနာသက်သာအောင်

Health Knowledge
ခေါင်းကိုက်ဝေဒနာသက်သာအောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခေါင်းကိုက်ဝေဒနာသက်သာအောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခေါင်းကိုက်ဝေဒနာသက်သာအောင်

(က) ခေါင်းကိုက်နေရင် အကိုက်အခဲပျောက်ဆေးကိုသောက်မယ့်အစား လက်မနဲ့လက်ညှိုးကြားက အသားဆိုင်နေရာကို နှိပ်ကြည့်ပါ။ပုံမှာ ပြထားတဲ့နေရာကို ငါးမိနစ်ခန့်နှိပ်ပေးတာ ကြောင့်ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒ နာတွေ သက်သာသွားနိုင်ပါတယ်။သွားကိုက်တာ၊ ပခုံးနာကျင်တာနဲ့ ကလေးမွေး ဖွားခါနီးနာကျင်တာတွေပါ သက်သာနိုင်ပါတယ်။

(ခ) ဘုံဘိုင်ခေါင်းက ကျဆင်းလာတဲ့ ရေအေးနဲ့ လက်ဆေးတာကြောင့်လည်း ခေါင်းကိုက်ဝေဒနာ သက်သာနိုင်ပါတယ်။

ရေအေးကြောင့် သွေးကြောကျုံ့သွားနိုင်ပြီး အာရုံကြောအပေါ် ဖိအားကျရောက်မှု လျော့ပါးသွားပါတယ်။ လက်က အာရုံကြောတွေက ဦးနှောက်နဲ့ ဆက်သွယ်မှု ရှိပါတယ်။

(ဂ) ခြေမကို နှိပ်လိုက်ပါ။

ခြေမရဲ့ အပေါ်၊ ဘေးနဲ့ အောက်ခြေ နေရာ တွေမှာ Head Reflex ရှိပါတယ်။ ဒီနေရာတွေကို နှိပ်ပေးလိုက်ရင် ခေါင်းနဲ့ လည်ပင်းက တင်းမာမှု တွေ လျော့ကျသွားနိုင်ပါတယ်။

ရေးသားသူ –ဒေါက်တာခင်မိုးမိုး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။