ဂြိုဟ်သားလို့ သံသယရှိတဲ့ ရုပ်ကြွင်းနှစ်ခုအတွက် မက္ကဆီကိုလွှတ်တော်မှာ ကြားနာမှုပြုလုပ်

International News
ဂြိုဟ်သားလို့ သံသယရှိတဲ့ ရုပ်ကြွင်းနှစ်ခုအတွက် မက္ကဆီကိုလွှတ်တော်မှာ ကြားနာမှုပြုလုပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂြိုဟ်သားလို့ သံသယရှိတဲ့ ရုပ်ကြွင်းနှစ်ခုအတွက် မက္ကဆီကိုလွှတ်တော်မှာ ကြားနာမှုပြုလုပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂြိုဟ်သားလို့ သံသယရှိတဲ့ ရုပ်ကြွင်းနှစ်ခုအတွက် မက္ကဆီကိုလွှတ်တော်မှာ ကြားနာမှုပြုလုပ်

ဂြိုဟ်သားလို့ သံသယရှိတဲ့ ရုပ်ကြွင်းနဲ့ပတ်သက်ပြီး မက္ကဆီကိုလွှတ်တော်မှာ ကြားနာမှု ပြုလုပ်ခဲ့ပါတယ်။ ခွဲခြားမရသည့် ကြုံတောင့်ကြုံခဲအရာလို့ ခေါင်းစဉ်တပ်ထားတဲ့ ရုပ်ကြွင်း ၂ ခုကို UFO အကြောင်း စိတ်အားထက်သန်တဲ့ မက္ကဆီကိုဂျာနယ်လစ် ဂျိမ်းမော်ဆန်က လွှတ်တော်မှာ ပြသခဲ့တာပါ။

အဲဒီရုပ်ကြွင်း ၂ ခုကို ၂၀၁၇ ခုနှစ်မှာ ပီရူးနိုင်ငံ ရှေးဟောင်း နက်ဇ်ကာမျဉ်းကြောင်းများ(Nazca Lines) အနီးကနေ တူးဖော်တွေ့ရှိခဲ့တာပါ။ မက္ကဆီကိုအမျိုးသားတက္ကသိုလ်ရဲ့ ကာဗွန်သက်တမ်းတွက်ချက်မှုအရ စစ်ဆေးရာမှာ နှစ် ၁၀၀၀ နီးပါး သက်တမ်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ရုပ်ကြွင်းနှစ်ခုဟာ ခန္ဓာကိုယ်တွေ သေးငယ်ပေမဲ့ ခေါင်းတွေက ရှည်ထွက်နေပြီး လက်တစ်ဖက်စီမှာ လက်ချောင်း ၃ ချောင်းစီပဲ ပါပါတယ်။ ဒီရုပ်ကြွင်းတွေဟာ ကမ္ဘာပေါ်က ဘယ်သက်ရှိနဲ့မှ မတူဘူးလို့ မော်ဆန်က ဆိုပါတယ်။ ယခင်က အလားတူရုပ်ကြွင်းတွေ တွေ့ရှိခဲ့ဖူးပေမဲ့ ကလေးငယ်တွေရဲ့ မံမီရုပ်အလောင်းတွေ ဖြစ်နေတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အခုတွေ့ရှိရတဲ့ ရုပ်ကြွင်းတွေကို X-rays၊ 3-D ပြန်လည်ပုံဖော်မှု၊ DNA စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ကမ္ဘာပေါ်က ဘယ်သက်ရှိနဲ့မှ မတူညီဘူးလို့ မက္ကဆီကိုရေတပ် ကျန်းမာရေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဘင်နီတက်ဇ်က ပြောပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။