သိုးအုပ်တစ်အုပ်က ဆေးခြောက် ၁၀၀ ကီလိုဂရမ်ကို မတော်တဆ စားမိခဲ့

International News
သိုးအုပ်တစ်အုပ်က ဆေးခြောက် ၁၀၀ ကီလိုဂရမ်ကို မတော်တဆ စားမိခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သိုးအုပ်တစ်အုပ်က ဆေးခြောက် ၁၀၀ ကီလိုဂရမ်ကို မတော်တဆ စားမိခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သိုးအုပ်တစ်အုပ်က ဆေးခြောက် ၁၀၀ ကီလိုဂရမ်ကို မတော်တဆ စားမိခဲ့

ဂရိနိုင်ငံ၊ Almyros မြို့အနီးနားမှာ သိုးအုပ်တစ်အုပ်က ဖန်လုံအိမ်အတွင်း စိုက်ပျိုးထားတဲ့ ဆေးခြောက် ၁၀၀ ကီလိုဂရမ်နီးပါးကို စားမိခဲ့ပါတယ်။ နောက်မှ သိုးထိန်းသမားက သိုးတွေ ဆေးခြောက်တွေ စားမိတယ်ဆိုတာတွေ့ရှိခဲ့တဲ့အချိန် သိုးတွေ ထူးထူးဆန်းဆန်းပြုမူနေတာကို သတိထားမိခဲ့တာပါ။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေလွှမ်းမှုကို တိမ်းရှောင်လာရင်း အခုလိုဖြစ်သွားခဲ့တာပါ။

“ကျွန်တော် ရယ်ရမလား၊ ငိုရမလားမသိတော့ဘူး။ အပူလှိုင်းဒဏ်လည်းခံရတယ်။ ရေလွှမ်းဒဏ်လည်းခံရတယ်။ ကျွန်တော်တို့ အရာအားလုံးဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။ သိုးအုပ်က ဖန်လုံးအိမ်ထဲဝင်ပြီး ရှိနေတဲ့အရာကို စားခဲ့ကြတယ်။ ဘာပြောရမှန်းမသိတော့ဘူး”လို့ သိုးထိန်းက ပြောပါတယ်။

ဆေးခြောက်က ဂရိနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကတည်းက ဆေးဖက်ဆိုင်ရာရည်ရွယ်ချက်တွေအတွက် တရားဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဂရိနိုင်ငံက ပထမဆုံးဆေးခြောက်ထုတ်လုပ်တဲ့စက်ရုံကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုဖို့ စိုက်ပျိုးတာက နိုင်ငံအတွက် များစွာလိုအပ်တဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ပေါ်ပေါက်စေခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။