လူတစ်ထိုင်စာ ဧရာမကြက်ကြီးမျိုးတွေ မွေးတဲ့ ဘရာဇီးမွေးမြူရေးခြံ

International News
လူတစ်ထိုင်စာ ဧရာမကြက်ကြီးမျိုးတွေ မွေးတဲ့ ဘရာဇီးမွေးမြူရေးခြံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူတစ်ထိုင်စာ ဧရာမကြက်ကြီးမျိုးတွေ မွေးတဲ့ ဘရာဇီးမွေးမြူရေးခြံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူတစ်ထိုင်စာ ဧရာမကြက်ကြီးမျိုးတွေ မွေးတဲ့ ဘရာဇီးမွေးမြူရေးခြံ

ဘရာဇီးနိုင်ငံသား ရူဘင်ဘရက်ဇ်က ကြက်မွေးရတာကို ဝါသနာထုံသူပါ။ သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကစပြီး ဝါသနာအရ အိန္ဒိယကြက်ကြီးမျိုးတွေကို မွေးမြူခဲ့ပြီး အခုအခါမှာတော့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ထူထောင်နိုင်ခဲ့ပါပြီ။

အိန္ဒိယကြက်ကြီးမျိုးဟာ ၁၂၀ စင်တီမီတာအထိ မြင့်မားပြီး လူတစ်ထိုင်စာအရွယ် ရှိကြပါတယ်။ ကြက်တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၄၁၀၀ ကျော် ( မြန်မာငွေ သိန်း ၁၄၀ ကျော်)အထိ ရလေ့ရှိပြီး အခြားကြက်မွေးမြူရေးသမားတွေကလည်း အိန္ဒိယကြက်ကြီးမျိုး မွေးမြူဖို့ စိတ်ဝင်စားနေကြပါတယ်။ အိန္ဒိယကြက်ကြီးမျိုးကို ကြက်မျိုးစိတ်သစ်အဖြစ် တရားဝင် သတ်မှတ်နိုင်ဖို့ တင်ပြထားပါတယ်။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကြက်၊ ဘဲ၊ ငန်း၊ ကြက်ဆင်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး BRF ၊ JBS တို့လို အသားထုတ်ပိုးမှုကုမ္ပဏီကြီးတွေ အခြေစိုက်ရာ နိုင်ငံလည်း ဖြစ်ပါတယ်။

ရူဘင်ဘရက်ဇ်ရဲ့ အိန္ဒိယကြက်ကြီးမျိုး မွေးမြူရေးခြံမှာ ကြက်အကောင်ရေ ၃၀၀ ကျော်ရှိပြီး တခြားမွေးမြူရေးသမားတွေအတွက် ပိုးသတ်ထားတဲ့ ကြက်ဥတွေ ရောင်းချပေးဖို့ အဓိကထား လုပ်ဆောင်လျက်ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။