ရော်နယ်လ်ဒိုရဲ့ မမြင်တာကြာပြီဖြစ်တဲ့ ပုံစံကို မြင်တွေ့ခဲ့ရလို့ အံ့အားသင့်နေကြတဲ့ ပရိသတ်များ

Celebrity International News Sports

ရော်နယ်လ်ဒိုရဲ့ မမြင်တာကြာပြီဖြစ်တဲ့ ပုံစံကို မြင်တွေ့ခဲ့ရလို့ အံ့အားသင့်နေကြတဲ့ ပရိသတ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရော်နယ်လ်ဒိုရဲ့ မမြင်တာကြာပြီဖြစ်တဲ့ ပုံစံကို မြင်တွေ့ခဲ့ရလို့ အံ့အားသင့်နေကြတဲ့ ပရိသတ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာက အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မတိုင်ခင် ဥမင်လျှောက်လမ်းထဲမှာ ဟာသတွေ ပြောနေတဲ့ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေဟာ ပေါ်တူဂီကြယ်ပွင့်ဟာ ဒီလိုမပျော်ရွှင်ခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီလို့ ထင်မြင်နေကြပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ အင်္ဂါနေ့မှာ ဆော်ဒီ အာရေဗျကလပ်အသင်းကို ကြီးမားတဲ့ စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ နိုဝင်ဘာလမှာ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူးမှာ နည်းပြ တန်ဟက်နဲ့ အသင်းတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ခဲ့ပြိးနာက် မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အိုးထရက်ဖို့ဒ်က နောက်ဆုံးလအနည်းငယ်ဟာ နှစ်ဖက်စလုံးအတွက် သက်တောင့်သက်သာ မရှိတဲ့အခြေအနေဖြစ်နေခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်က အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်သလို နည်းပြ တန်ဟက်ကလည်း အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ၎င်းရဲ့ ကစားကွက်ထဲမှာ အံမဝင်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဥရောပကနေ အာရှကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက ရော်နယ်လ်ဒိုဟာ စိတ်လက်ပေါ့ပါးနေခဲ့ပုံပေါ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆော်ဒီ တာဝန်ရှိသူတွေနဲ့ ဟာသဖောက်နေခဲ့ပြီး တာဝန်ရှိသူတွေထဲကတစ်ဦးကိုတောင် ရယ်ရယ်မောမောနဲ့ လှမ်းဆွဲခဲ့သေးတာဖြစ်ပါတယ်။

ပေါ်တူဂီလူမျိုးဖြစ်တဲ့ အယ်လ် တာအီးနည်းပြကလည်း ရော်နယ်လ်ဒိုက ၎င်းရဲ့ ဇာတ်လမ်းကို ပြောပြနေချိန်မှာ ရှိနေခဲ့တာဖြစ်ပြီး ကာရင်တန်တုန်းက ပေါ်တူဂီတိုက်စစ်မှူးရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက်ကို ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်မှာတုန်းက ကန်တင်းမှာ အခြားအသင်းဖော်တွေနဲ့ ခပ်ဝေးဝေး တစ်ယောက်တည်းထိုင်ခဲ့ပြီး လေ့ကျင့်ရေးမှာလည်း စိတ်ပျက်လက်ပျက်ပုံစံနဲ့ လက်တွေကို လေထဲမှာ ဝေ့ရမ်းနေခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ မန်ယူနိုက်တက်အတွက် ၃ ဂိုးသွင်းယူပေးထားခဲ့ပြီး အဲဒီထဲက ၁ ဂိုးဟာ ပရီးမီးယားလိဂ်မှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ရော်နယ်လ်ဒိုအနေနဲ့ လက်ရှိမှာ အယ်လ် နက်ဆာအသင်းအတွက် အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်နေပြီး ပိုမိုကောင်းမွန်တဲ့ စိတ်အခြေအနေမှာ ရှိနေပြီဖြစ်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

“ဟာသပြောနေတာတွေ ခဏဖယ်ထားလိုက်ဦး။ သူ့ပုံစံက တကယ်ကို ပျော်ရွှင်နေပုံပေါ်တယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီလူက ဘဝကို ကျေနပ်နေပုံပေါ်ပြီး အဲဒီအတွက် ငါ ဝမ်းမြောက်မိတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရေးသားသူ – SPORTS A2Z

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။