မင်္ဂလာပွဲနေ့က ဆွဲဆောင်မှုအပြည့်နဲ့ လှပနေခဲ့တဲ့ ထိုင်းမင်းသမီးချော Kimmy Kimberley ရဲ့ မင်္ဂလာဝတ်စုံ

Celebrity International News
မင်္ဂလာပွဲနေ့က ဆွဲဆောင်မှုအပြည့်နဲ့ လှပနေခဲ့တဲ့ ထိုင်းမင်းသမီးချော Kimmy Kimberley ရဲ့ မင်္ဂလာဝတ်စုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာပွဲနေ့က ဆွဲဆောင်မှုအပြည့်နဲ့ လှပနေခဲ့တဲ့ ထိုင်းမင်းသမီးချော Kimmy Kimberley ရဲ့ မင်္ဂလာဝတ်စုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲနေ့က ဆွဲဆောင်မှုအပြည့်နဲ့ လှပနေခဲ့တဲ့ ထိုင်းမင်းသမီးချော Kimmy Kimberley ရဲ့ မင်္ဂလာဝတ်စုံ

လူတကာ အားကျရတဲ့ ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီးချော Kimmy Kimberley တို့စုံတွဲကတော့ ချစ်သူသက်တမ်း ၁၀ နှစ်နီးပါးအကြာ စက်တင်ဘာ ၁၄ ရက်နေ့က ရွှေလက်တွဲသွားခဲ့ပါပြီ။ သူတို့ရဲ့မင်္ဂလာအခမ်းအနားကို အီတလီနိုင်ငံက Lake Como မှာ ကျင်းပခဲ့ပြီး မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

အရင်က သတို့သမီး Kim ဟာ မင်္ဂလာဝတ်စုံ ၅ စုံပြင်ဆင်ထားတယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီဝတ်စုံတွေထဲက ၃ စုံက ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့်မင်္ဂလာပွဲအတွက်ဖြစ်ပြီး နောက် ၂ စုံကတော့ အခု အီတလီမှာပြုလုပ်ခဲ့တဲ့မင်္ဂလာပွဲအတွက်ပါ။ သူကိုယ်တိုင် House Ambassador အဖြစ် ခန့်အပ်ခံထားရတဲ့ နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် DIOR ရဲ့ဝတ်စုံတွေကို Pre Wedding ဓာတ်ပုံရိုက်ကူးမှုကစပြီး မင်္ဂလာအခမ်းအနားအထိ ဝတ်ဆင်ခဲ့တာပါ။

Kim က မင်္ဂလာပွဲနေ့မှာ Diorရဲ့ “Classic Long Sleeve Silhouette” ကို ဝတ်ဆင်ခဲ့တာပါ။ ဒီဝတ်စုံကို Kim ရဲ့စိတ်ကူးအကြံဉာဏ်အတိုင်း ဒီဇိုင်နာတွေက DIOR ရဲ့ “Floral Guipure Lace” Fabric ကို သုံးပြီး အလွှာ ၃ လွှာနဲ့ တစ်ဆင့်ချင်း ဖန်တီးပေးထားတာပါ။ ခေါင်းမှာဆင်မြန်းခဲ့တဲ့ လီလီပန်းခေါင်းပတ်ကလည်း ဒီဇိုင်နာတွေကိုယ်တိုင် ပြုလုပ်ပေးထားတဲ့ Limited Edition လို့ သိရပါတယ်။

သတို့သား Mark Prin ကတော့ အမေရိကန်နာမည်ကြီးဒီဇိုင်နာ တွမ်ဖို့ဒ်ရဲ့ဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ။ After Party မှာလည်း Kimက DIOR ရဲ့ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ခဲ့တာပါ။ ဒီဝတ်စုံက DIOR ရဲ့ Haute Couture Collection ထဲကပါ။ ဒီဝတ်စုံက Kim နဲ့ လိုက်ဖက်တင့်တယ်ခဲ့ပါတယ်။

Mark Prin နဲ့ Kimmy Kimberley တို့က နိုဝင်ဘာလထဲကျ ထိုင်းနိုင်ငံမှာ ထပ်ပြီး မင်္ဂလာပွဲကျင်းပသွားဦးမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။