နှမသားချင်း ကိုယ်ချင်းစာစိတ်တွေမရှိတော့ဘူးလားဗျာ

Local News

မြိတ်တွင် အသက်မပြည့်မိန်းကလေးအား သွေးဆောင်ဖြားယောင်းပြီး သားမယားပြုကျင့်သူကို ရဲတပ်ဖွဲ့မှဖမ်းဆီးအရေးယူ
=-=–=-=-=-=
11 , 1 2021

မြိတ်တွင် အသက်မပြည့်မိန်းကလေးအား သွေးဆောင်ဖြားယောင်းပြီး သားမယားပြုကျင့်သူကို ရဲတပ်ဖွဲ့မှဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။

ပုလောမြို့နယ်၊ အမှတ် ၁ ရပ်ကွက် ၊စပါယ်လမ်းတွင် ဓါတ်ပုံလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုထက်(ခ)ထက်ဝင်းဖြိုး(၂၇)နှစ်၊နှင့်

၎င်း ရဲ့ တပည့် ၂ ဦးဖြစ်တဲ့ မင်းခန့်ထူး(ခ)မင်းခန့်ဦး နှင့်အောင်မင်းခန့်(ခ)အေးချမ်းအောင်(ခ)ကြက်ဥ တို့မှ

၂၀၂၀ ခုနှစ်၊ဒီဇင်ဘာလ ၂၆ ရက်နေ့က မြိတ်မြို့မှ မ——ရဲ့ နေအိမ်က အလုပ်သမား “မမ(အမည်လွဲ) အားဆက်သွယ်ပြီး

မ—– အား မော်ဒယ်ဓါတ်ပုံရိုက်မည်ဖြစ်ကြောင်းနှင့် တစ်ခါရိုက်လျှင် ရိုက်ကူးခ ၅ သောင်းကျပ် ပေးမည်ဆိုသဖြင့်

မ——- ၏ မိခင်မှ ခွင့်ပြုပြီး မော်ဒယ်ဓါတ်ပုံရိုက်ရန် “မမ” အား အဖော်အဖြစ်ထည့်ပေးလိုက်ကြောင်းသိရပါတယ်။

အစပိုင်းမှာ ရေကန်ဘောင်တွင် ဓါတ်ပုံများရိုက်နေစဥ်မှာပဲ မိုးရွာလာတာကြောင့် ထက်ဝင်းဖြိုး နှင့်

၎င်းရဲ့တပည့်များ တည်းခိုတဲ့ ကြယ်ပျံဟိုတယ်တွင် သွားနားမည်ဟုပြောဆိုပြီး ခေါ်ဆောင်သွားကြောင်း၊

ဟိုတယ်သို့ရောက်ရှိစဥ် “မမ”(အမည်လွဲ)မှာ ၎င်းရဲ့သူငယ်ချင်းမှ ကိစ္စရှိ၍ဖုန်းဆက်ခေါ်သဖြင့် အပြင်သို့ထွက်သွားကြောင်း ၊

ဟိုတယ်တွင် မ—— နှင့် ကိုထက် ၊မင်းခန့်ထူး၊ အောင်မင်းခန့်တို့သာ ကျန်နေခဲ့စဥ် ကိုထက် မှ

ဟိုတယ်အခန်းတွင်းခေါ်ဆောင်သွား ကြောင်းသိရပါတယ်။

အခန်းတွင်းသို့ရောက်စဥ် မင်းခန့်ထူး၊ အောင်မင်းခန့်တို့မှ အခန်းပြင်သို့ပြန်လည်ထွက်ခွာသွားရာ

မ—– နှင့် ကိုထက်တို့ နှစ်ဦးတည်းကျန်ရှိနေစဥ်မှာပဲ သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခံခဲ့​ရကြောင်း၊

ထိုသို့ပြုကျင့်နေစဥ်မှာပဲ မင်းခန့်ထူး၊ အောင်မင်းခန့်တို့မှအခန်းထဲသို့ဝင်ရောက်လာပြီး ဓါတ်ပုံ နှင့် video ရိုက်ကူးခဲ့ပြီး

၂၀၂၁ခုနှစ်၊ဇန်နဝါရီလ ၉ ရက်နေ့တွင်အွန်လိုင်းပေါ်ဖြန့်ဝေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး သားမယားအဖြစ်ပြုကျင့်ဆက်ဆံခဲ့သူ

ကိုထက်(ခ)ထက်ဝင်းဖြိုး(၂၇)နှစ်၊(ဓါတ်ပုံဆရာ)၊မင်းခန့်ထူး နှင့် အောင်မင်းခန့် တို့ကို

မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၆၃ / ၃၇၆ /၁၁၄ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

Source : မြတ်ထွဋ် (မြိတ်)

Plz Like & Share

Leave a Reply