သူငယ်ချင်းဒေါင်းက သရုပ်ဆောင်ကောင်းရုံသာမက သီချင်းဆိုတာလည်း mood အပြည့်နဲ့ဆိုတတ်ကြောင်း ချီးကျူးခဲ့တဲ့ ပိုင်ဖြိုးသု

Celebrity Local News
သူငယ်ချင်းဒေါင်းက သရုပ်ဆောင်ကောင်းရုံသာမက သီချင်းဆိုတာလည်း mood အပြည့်နဲ့ဆိုတတ်ကြောင်း ချီးကျူးခဲ့တဲ့ ပိုင်ဖြိုးသု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူငယ်ချင်းဒေါင်းက သရုပ်ဆောင်ကောင်းရုံသာမက သီချင်းဆိုတာလည်း mood အပြည့်နဲ့ဆိုတတ်ကြောင်း ချီးကျူးခဲ့တဲ့ ပိုင်ဖြိုးသု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူငယ်ချင်းဒေါင်းက သရုပ်ဆောင်ကောင်းရုံသာမက သီချင်းဆိုတာလည်း mood အပြည့်နဲ့ဆိုတတ်ကြောင်း ချီးကျူးခဲ့တဲ့ ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ… သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ဟာဆိုရင် အနုပညာလောကမှာ နာမည်ကိုယ်စီရရှိတဲ့ မင်းသားနဲ့ မင်းသမီးတို့ပဲဖြစ်ပါ တယ်။ ဒေါင်းနဲ့ ပိုင်ဖြိုးသု တို့ဟာ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ‘ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အချစ်ဖြင့် လွမ်းစေ” ဇာတ်လမ်းတွဲတို့မှာ လိုက်ဖက်ညီညီ တွဲဖက် သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

စက်တင်ဘာလ (၁၆) ရက်နေ့မှာလည်း ဒေါင်း တေးရေးဟန်ထူးလွင် ရေးသားပေးထားတဲ့ “Emptiness” ဆိုတဲ့ သီချင်းလေးကို ထွက်ရှိခဲ့ရာ ပိုင်ဖြိုး သုက သူငယ်ချင်း ဒေါင်းကို “”Emptiness” ဆိုတဲ့နာမည် နဲ့လိုက်အောင် နားထောင်ပြီးချိန်မှာ ဟာပြီးကျန်ခဲ့တာ သီချင်းနားထောင်ရင်း မျက်ရည်ဝဲမိတဲ့အထိ ခံစားစေ တယ်။ နဂိုကတည်းကသရုပ်ဆောင်ရင် moodကောင်း တဲ့လူမို့လို့လားမသိဘူး သီချင်းဆိုတာကို လည်းmoodအပြည့်ကြီးနဲ့ဆိုထားတာ…(ကိုကျားပေါက် ရဲ့စာသားတွေကလည်းသူနဲ့အရမ်းလိုက်နေတာ) သီချင်း တစ်ပုဒ်နားထောင်လိုက်ရတာဆိုပေမယ့် ရုပ်ရှင်ကားတစ်ကားကြည့်လိုက်ရသလို…” ဆိုပြီး ပြောလာပါတယ်။

ဒေါင်းရဲ့ “Emptiness” သီချင်းလေးကတော့ တေးရေး တေးဆို ဟန်လူးလွင် ရေးသားပေးခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းဒေါင်းရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေပြီး ဒေါင်း သီဆိုထားတဲ့ “Emptiness” သီချင်းလေးကို နားဆင်ပေးကြပါဦးနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။