ဘင်္ဂဖွားဟောကိန်း

Astrology
ဘင်္ဂဖွားဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘင်္ဂဖွားဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘင်္ဂဖွားဟောကိန်း

စေတနာကောင်း၊စိတ်ရင်းကောင်းသူပါပဲ။ ဇွဲလုံ့လဝီရိယနဲ့ပြည့်စုံပြီး ထက်သန်တဲ့စိတ် ၊ပြင်းပြသောဆန္ဒ၊ ကြိုးစား ချင်သောစိတ်တွေရှိကြတယ်။ မဆုတ်မနစ်သော ဇွဲက လမ်းကြောင်းမှန်ပါက အောင်မြင်မှုပန်းတိုင်ကိုရောက်မည်။ ဆုံးဖြတ်ချက်ချပြီးရင် သိကြားမင်းဆင်း၍ဖျက်တာတောင်မရပေ။ မိမိဆုံးဖြတ်ချက်သည် မှားနေရင်မှ လမ်းဆုံးရောက်အောင်လျှောက်တတ်သည်။ နောင်တတရားကလဲ မိမိသန္တာန်မှာ ခဏသာခိုဝင်တတ်သည်။နောင်တရလည်း ခဏပင် ။အမှတ်သည်းခြေမရှိ ။ခေါင်းမာသည်။ တယူသန်သည်။

ပြောစရာရှိလျှင် လုပ်စရာရှိလျှင် ဘွင်းဘွင်းရှင်းရှင်းအားမနာတမ်းပြောတတ်ခြင်းကြောင့် လူမုန်းများတတ်သည်။ မိမိသည် စကားပြောမတတ်ခြင်းကြောင့်
ပေါင်းသင်းဆက်ဆံရေးညံ့သည်ဟုထင်ကြသည်။ မဟုတ်ပါ။ အတွင်းစိတ်ရင်းအရမ်းကောင်းသူဆိုတာမိမိနဲ့ ရေရှည်ပေါင်းသင်းသူသာသိသည်။ သူဘာပြောပြော စေတနာဒေါသနဲ့ ပြောသည်ဆိုတာနားလည်လာကြသည်။

ဒါကြောင့်ပဲ မိမိကိုယ်ခင်မိသူတွေက မိမိကိုယ် မိတ်ဆွေအဖြစ်ကနေ လက်လွတ်မခံချင်ကြပါ။ မိမိနဲ့ခင်မင်ဖူးသူတွေက မိမိအကြောင်းတသသပြောနေတတ်ကြသည်။ မိမိသည် တစိမ်းတရံတွေကိုခင်မိပြီဆိုရင် ဆွေမျိုးထက်ပိုခင်တတ်သည်။ ဒါကြောင့်ပဲမိမိကအခြားသူတွေကို မိမိလိုစိတ်ဖြူ သည်ထင်၍ အတွင်းရေးကိစ္စတွေ ပြောပြတိုင်ပင်အကြံဉာဏ်တောင်းမိသည်။ ထိုသို့ပြုမူခြင်းသည် အကျိုးမရှိသည့်အပြင် မိမိလျှို့ဝှက်ချက်ကို သိသွား၍မိမိအပေါ် အထင်မြင်သေး ဟားတိုက်စရာဖြစ်လိမ့်မည်။

ဘင်္ဂဖွားများဟာ ကိုယ့်ဒူးကိုယ်ချွန်ကြို းစာလိုစိတ်ရှိကြတယ်။ ဘယ်သူ့ကိုယ်မှ မမှီခိုလိုဘူး။ သူတစ်ပါးရဲ့လောင်းရိပ်မိနေတာမျိုးကိုလဲမလိုလားကြပါဘူး။ သူများကို အားကိုးလို့လဲ မရပါဘူး။ ဘယ်အလုပ်ကိစ္စမဆိုလဲ မိမိက ဦးဆောင်ဦးရွက်လုပ်ရမှလဲကျေနပ်ကြတယ်။ စီးပွားရေး ဘယ်လိုလုပ်မယ်။ ငွေကိုဘယ်လိုရှာလိုက်မယ်လို့ စိတ်ထဲတွေးနေတတ်ပေမဲ့အပြင်ပန်း လက်တွေ့မှာတော့ရသမျှနှင့်တင်းတမ်ရောင်ရဲတတ်သူပါ။

အမှန်တရားကိုမြတ်နိုးတတ်သူ၊တန်ဖိုးထားတတ်သူဖြစ်ပြီး ဘယ်အလုပ်ကိုပဲလုပ်လုပ် စေတနာပါပါနဲ့လုပ်တတ်သူပါပဲ။ စေတနာကောင်းရင် ကံကောင်းတယ်လို့ ခံယူထားသူပါ။

လူအများက မိမိကို အထင်ကြီးလေးစားပေမဲ့ မိမိက သူတစ်ပါးအထင်ကြီးအောင် ဟိတ်ဟန်မထုတ်တတ်ပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပေမဲ့ ပတ်ဝန်ကျင်းမှာ အခက်အခဲတခုခုဖြစ်ရင်တော့ စိတ်ပါလက်ပါ ကူညီတတ်သူပါပဲ။ မိမိကအငြင်းသန်ပါတယ်။ မှန်တယ်ထင်ရင်တော့ ငြင်းလို့ဆုံးမည်မဟုတ်ပေ။ ဖော်လံဖားမလုပ်တတ်ခြင်း ၊ မိမိကြိုးစားမှုကို ဂုဏ်ဖော်၍မပြောတတ်ခြင်းတွေကြောင့် မိမိဟာ အသိအမှတ်ပြုမခံရခြင်း ချောင်ထိုးခံရခြင်းတွေ ခဏခဏကြုံရတတ်ပါတယ်။

ဘင်္ဂဖွားတွေဟာ မည်သူ့ကိုမဆိုအဆင့်အတန်းခွဲခြားပြီးဆက်ဆံလေ့မရှိပါဘူး။ သူဌေးနဲ့ ဆက်ဆံလဲဒီအတိုင်းဆိုရင် ဆင်းရဲသားနဲ့ဆက်ဆံလဲ ဒီအတိုင်းပါပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘဲ အားလုံးကိုတစ်သားထဲဆက်ဆံတတ်တယ်။

အခွင့်ထူးခံရဖို့ မျက်နှာသာပေးခံရဖို့ဆိုတဲ့စိတ်နဲ့ အလုပ်မလုပ်တတ်ပါ။ ပေးအပ်တဲ့တာဝန်နဲ့ ဝတ္တရားကို ကျေပွန်လိုတဲ့စိတ်နဲ့သာ လုပ်တတ်သူပါ။ငယ်ရွယ်စဉ်ကာလ အဘက်ဘက်ကကံအားနည်းတယ်။ ခြူခြာလွယ်တယ်။မိမိကို မွေးပြီးတော့ မိဘတွေလုပ်ငန်းစီးပွားတိုးတတ်နိုင်သလို အကုန် အကျတွေလဲ အလွန်များတတ်ပါတယ်။

ပထမအရွယ်ကံအားနည်းတတ်ပြီး ဒုတိယအရွယ်၊ တတိယအရွယ်ကံမြင့်တတ်ပါတယ်။ မွေးစကနေအသက်၁၂ထိ နေအိမ်အပြောင်းအရွေ့ မြို့အပြောင်းအရွေ့ ကျောင်းအပြောင်းအရွေ့ဆိုတာတွေကြုံ ရတတ်ပါ။ ဘင်္ဂဖွားတွေဟာ ကံအတက်အကျများလွန်းတဲ့သူတွေပါပဲ။

သူတစ်ပါးကို အားကိုးပြီး စပ်တူလုပ်ငန်းမလုပ်ပါနဲ့။အမှီအခိုကင်းပြီး သူတစ်ပါးလာင်းရိပ်မမိတဲ့ဘဝနေထိုင်မှုမျိုးက မိမိဘဝကိုအောင်မြင်အောင်တွန်းပို့မှာပါ။ကိုယ်စွမ်းကိုယ်စကိုသိပြီး ဝီရိယရှိရှိကြိုးစားရင် အောင်မြင်မယ့် ဖွားဇာတာပါပဲ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။