တက္ကသိုလ်တက်ခွင့်ရဖို့ မငြိမ်သက်တဲ့ နိုင်ငံတွေကိုဖြတ်သန်းပြီး မိုင် ၂၅၀၀ စက်ဘီးခရီးနှင်ခဲ့သူ

International News
တက္ကသိုလ်တက်ခွင့်ရဖို့ မငြိမ်သက်တဲ့ နိုင်ငံတွေကိုဖြတ်သန်းပြီး မိုင် ၂၅၀၀ စက်ဘီးခရီးနှင်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တက္ကသိုလ်တက်ခွင့်ရဖို့ မငြိမ်သက်တဲ့ နိုင်ငံတွေကိုဖြတ်သန်းပြီး မိုင် ၂၅၀၀ စက်ဘီးခရီးနှင်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တက္ကသိုလ်တက်ခွင့်ရဖို့ မငြိမ်သက်တဲ့ နိုင်ငံတွေကိုဖြတ်သန်းပြီး မိုင် ၂၅၀၀ စက်ဘီးခရီးနှင်ခဲ့သူ


တက္ကသိုလ်တက်ခွင့်ရဖို့ အနောက်အာဖရိကတစ်လွှား မိုင် ၂၅၀၀ ကျော် ဖြတ်သန်းပြီး စက်ဘီးခရီးနှင်ခဲ့တဲ့ ကျောင်းသားဟာ အီဂျစ်နိုင်ငံရဲ့ နာမည်ကျော်တက္ကသိုလ်မှာ ပညာသင်ဆုအပြည့်အဝ ရရှိခဲ့ပါပြီ။ အသက် ၂၅ နှစ်အရွယ် ဂီနီနိုင်ငံသား မာမာဒူဘာရီဟာ အီဂျစ်နိုင်ငံရဲ့ အယ်အဇာတက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရဖို့အတွက် ပြီးခဲ့တဲ့မေလမှာ စက်ဘီးခရီး စတင်ထွက်ခွာခဲ့တာပါ။

သူဟာ အယ်အဇာတက္ကသိုလ်မှာ ကျောင်းအပ်နှံဖို့ စရိတ်မတတ်နိုင်သလို လေယာဉ်စရိတ်လည်း မတတ်နိုင်ပေမဲ့ အပြည့်အဝ ပညာသင်ဆုရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။ မာမာဒူဘာရီရဲ့ စက်ဘီးခရီးစဉ်ဟာ အစ္စလာမ်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုနဲ့ အာဏာသိမ်းမှု ကြုံနေတဲ့ မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာ အစရှိတဲ့ နိုင်ငံတွေကို ဖြတ်သန်းခဲ့ရပြီး ၄ လကြာမြင့်ခဲ့ပါတယ်။

သူဟာ ဖြေရှင်းချက်ကောင်းကောင်းမပေးနိုင်တာကြောင့် ၃ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ချက်ဒ်နိုင်ငံကို ရောက်ရှိချိန်မှာတော့ မာမာဒူဘာရီဟာ ဂျာနယ်လစ်တစ်ဦးနဲ့ ဆုံခဲ့ပြီး အင်တာဗျူးလုပ်ခံခဲ့ရပါတယ်။ ဂျာနယ်လစ်က အဲဒီအင်တာဗျူးကို အွန်လိုင်းပေါ် တင်လိုက်ချိန်မှာ အလှူရှင်တွေက မာမာဒူဘာရီအတွက် အီဂျစ်နိုင်ငံကို သွားဖို့ လေယာဉ်လက်မှတ် ဖြတ်ပေးခဲ့တာပါ။

ဒါကြောင့် သူဟာ စစ်ပွဲဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံကို မဖြတ်သန်းရဘဲ အီဂျစ်ကို ရောက်ရှိခဲ့တာပါ။ စက်တင်ဘာလ ၅ ရက်မှာတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိခဲ့ပြီး အစ္စလာမ်ဘာသာရပ်ဌာန ပါမောက္ခနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပါမောက္ခ ဒေါက်တာနာလာက မာမာဒူဘာရီကို အပြည့်အဝ ပညာသင်ဆုပေးခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။