ကိုယ့်ဘဝကို အားမရချိန်မှာ တွေးရမယ့် အတွေး (၅) ခု

Knowledge
ကိုယ့်ဘဝကို အားမရချိန်မှာ တွေးရမယ့် အတွေး (၅) ခု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ့်ဘဝကို အားမရချိန်မှာ တွေးရမယ့် အတွေး (၅) ခု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ့်ဘဝကို အားမရချိန်မှာ တွေးရမယ့် အတွေး (၅) ခု

၁။ ကြိုးစားတဲ့ သူတိုင်းအတွက် နေရာတစ်ခု ရှိတယ်

မိမိကိုယ်ကိုယ် အားမရဘူးဆိုတာဟာ အခြားသူတွေနဲ့ နှိုင်းယှဉ်နေလို့ပါပဲ။ နှိုင်းယှဉ်ပါ။ သို့သော် ကိုယ်လုပ်နိုင်တဲ့ အလုပ်ကိုပဲ အကောင်းဆုံးလုပ်ပါ။ ကြိုးစားပါ။ သူများတွေနဲ့ အရမ်းကြီးနှိုင်းယှဉ်တာဟာ မိမိစိတ်ကို ပိုပြီးအားငယ်စေပါလိမ့်မယ်။

၂။ မရောင့်ရဲတတ်ခြင်း

တစ်ခုခုဆိုရင် အရမ်းချမ်းသာတဲ့သူတွေနဲ့ ယှဉ်ပြီးတော့ မိမိဘဝကိုအားမရ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း မိမိရှိတဲ့ပစ္စည်းဥစ္စာတွေနဲ့ အတူ မရောင့်ရဲတတ်တာကြောင့်ပါ။ ကြိုးစားရှာဖွေပါ။ သို့သော် ရရှိလာတဲ့ရလဒ်ကို ရောင့်ရဲတတ်မှသာလျှင် စိတ်ချမ်းသာစေပါလိမ့်မယ်။

၃။ ကိုယ့်ထက်နိမ့်ကျတဲ့ ဘဝတွေ

ကိုယ့်ဘဝကို အားမရတဲ့အချိန်မှာ ကိုယ့်ထက်နိမ့်ကျနေတဲ့ ဘဝလေးတွေကိုလည်း တစ်ခါတစ်လေ ပြန်ကြည့်သင့်တယ်။ ဒါမှ မိမိဟာ ဘယ်အနေအထားမှာ ရှိနေတယ်ဆိုတာကို သိရှိစေပါလိမ့်မယ်။

၄။ ရမ်းပြီး အားမကျမိစေနဲ့

မိမိပိုင်ဆိုင်မူ နည်းလို့ ကိုယ့်ဘဝကိုယ် အားမရဖြစ်နေချိန်မှာ ပိုင်ဆိုင်မူများတဲ့သူတွေမြင်ပြီး ရမ်းပြီးအားကျဖို့ မလိုအပ်ပါတယ်။ အားကျတယ်ဆိုတာ ကောင်းတဲ့အားကျမူရှိသလို မကောင်းတဲ့အားကျမူလည်း ရှိပါတယ်။ ရိုးသားစွာရှာဖွေပြီး ကြိုးစားစွာအလုပ်လုပ်ကိုင်တဲ့သူတွေကိုသာ အားကျတာ အကောင်းဆုံး ဖြစ်ပါတယ်။

၅။ ပျော်အောင်နေပါ

ဘဝမှာ ပျော်အောင်နေတတ်ဖို့က အရေးကြီးပါတယ်။ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ပျော်အောင်နေတတ်ဖို့လိုပါတယ်။ ဒါကြောင့် မိမိဟာလည်း ကိုယ့်ဘဝကိုအားမရချိန်မှာ ပျော်အောင်နေပါ။ နေတတ်အောင်လည်း ကြိုးစားပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။