ဇက်ကြောတက် ဂုတ်ကျီးပေါင်းသမားများ ဇက်ကြောနာသူများအတွက်ဆေးနည်း

Health Knowledge
ဇက်ကြောတက် ဂုတ်ကျီးပေါင်းသမားများ ဇက်ကြောနာသူများအတွက်ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇက်ကြောတက် ဂုတ်ကျီးပေါင်းသမားများ ဇက်ကြောနာသူများအတွက်ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇက်ကြောတက် ဂုတ်ကျီးပေါင်းသမားများ ဇက်ကြောနာသူများအတွက်ဆေးနည်း
” ဂွေးတောက်ရွက် ခေါင်းအုံး ”

ဇက်ကြောတက် ဂုတ်ကျီးပေါင်းသမားများ ဇက်ကြောနာသူများကို ယခု​​ဆေးနည်းလေးပေးလိုက်တာ သက်သာကြလို့ ထပ်တင်ပေးလိုက်ပါသည်။

အမျိုးသမီးတယောက် အဲကွန်းခန်းထဲအိပ်ပျော်သွားတယ် ။ဘယ်လောက်အိပ်မိတာမသိပေမဲ့ အေးတာနဲ့နိုးလာတယ် ။

အဲကွန်းပိတ်ပြီး ၁၀မိနစ်လောက်နှပ်နေသေးတာ ရေဆာတာနဲ့ ရေထပြီးသောက်လိုက်တာ (အိုးထဲကရေနော်) ကျောရိုးထဲကနေ ခေါင်းရဲ့နောက်စေ့ကို ဓားအချွန်နဲ့ထောက်ထားသလို ခံစားလိုက်ရတာ ၃နာရီလောက်နားပြီး ခေါင်းလျှော်ရေချိုးလုပ်ပေမဲ့ ဘယ်လိုမှမသက်သာပါ ။

ဘာဆေးသောက်ရင်ကောင်းမလဲဘာလုပ်ရင်ကောင်းမလဲပေါ့အမျိုးသားကလည်းခေါင်းနဲ့ဇက်ကိုနှိပ်ပေး ပေမဲ့မထူးခြားလာပါ ။

နောက် အိပ်ယာဝင်ခါနီး ဆရာကြီးဦးရန်အောင်ရဲ့ပို့ချချက်ထဲကစကားကို ကြားယောင်မိလို့ခွေးတောက်အရွက်ခြောက်လေးတွေကို ခေါင်းအုံးလေးလိုထည့်ပြီးဇက်ကြောတက်ရင်ဇက်ကို ၊ပေါင်ကိုက်ရင်ပေါင်အောက်ကို ၊လက်ကိုက်ရင်လက်အောက်ကို ၊ ခေါင်းကိုက်ရင်ခေါင်းအုံးအိပ်ပါ လို့ကြားဘူးတယ် ။

ဒါကိုပြန်သတိရ ပြီးအရိပ်ခြောက်လုပ်ထားတဲ့ဂွေးတောက်ရွက်ကလည်း အဆင်သင့်ရှိလေတော့ ခေါင်းအုံးအိပ်လိုက်တာ ပထမ တစ်နာရီ ဒုတိယတစ်နာရီ တတိယတစ်နာရီ သိသိသာသာပျောက်ကင်းသွားပါတယ် လို့ဖတ်လိုက် ရလို့

တိုက်ဆိုင်သူ များ အသုံးပြု နိုင်ရန်ပြန်လည်မျှဝေ မိပါသည် ။

ဇက်ကြောတက် ဂုတ်ကျီးပေါင်းသမားများ ဇက်ကြောနာသူများကို ယခုနည်းလေးပေးလိုက်တာ သက်သာကြလို့ ထပ်တင်ပေးလိုက်ပါသည် ။ ။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။