ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ အမြွှာပူးလေး ဆေးရုံဆင်းခွင့်ရပြီ

International News
ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ အမြွှာပူးလေး ဆေးရုံဆင်းခွင့်ရပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ အမြွှာပူးလေး ဆေးရုံဆင်းခွင့်ရပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ အမြွှာပူးလေး ဆေးရုံဆင်းခွင့်ရပြီ

ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ်အကြာမှာ မွေးဖွားလာခဲ့ပြီး ဖြစ်နိုင်ခြေကို လွန်ဆန်ကာ ရှင်သန်ခဲ့တဲ့ အမြွှာပူးလေးဟာ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါပြီ။ ကင်ယာနဲ့ ဒီဂျေတို့ဟာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးမြို့ ကလိဗ်လန်းဆေးရုံမှာ မွေးဖွားခဲ့ကြတာဖြစ်ပြီး သူတို့အမေရဲ့ လက်ဖဝါးတစ်ဖက်စာလောက်ပဲရှိတဲ့အထိ အလွန်သေးငယ်ပါတယ်။ အသေးဆုံး ဒိုက်ပါက သူတို့ထက် ကြီးနေပါသေးတယ်။ ကလေးငယ်တွေရဲ့ အရေပြားတွေက အထိမခံနိုင်တဲ့ အနေအထားဖြစ်လို့ မွေးပြီးပြီးချင်း တစ်လမှာ မိဘတွေကို ကလေးချီခွင့် မပေးခဲ့ပါဘူး။

ဆရာဝန်တွေက အမြွှာပူးလေးတွေ အသက်ရှင်နိုင်ခြေ ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ သူတို့ကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးခဲ့ရတာပါ။ အထူးကြပ်မတ်ကုသဆောင်မှာ ဒီဂျေက အဆုတ်အလုပ်လုပ်မှု ရပ်တန့်သွားခဲ့ပြီး ကင်ယာကလည်း ဦးနှောက်သွေးယိုစိမ့်ခဲ့ပါတယ်။ ကလေးငယ်တွေဟာ အထူးကြပ်မတ်ကုသဆောင်မှာ ၄ လဝန်းကျင် နေခဲ့ရတာပါ။

အခုချိန်မှာတော့ ကင်ယာနဲ့ ဒီဂျေဟာ ၁၁ လအရွယ် ရှိနေပြီဖြစ်ပြီး ခန္ဓာကိုယ်လည်း ကြီးထွားဖွံ့ဖြိုးလာကြပါပြီ။ သူတို့ကို ဆေးရုံဆင်းခွင့်ရတဲ့ အထိမ်းအမှတ်အဖြစ် ဘွဲ့ပေးအပ်တဲ့ အခမ်းအနား လုပ်ပေးခဲ့တာပါ။ သူတို့က ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်း ရှိ၊ မရှိ ဆိုတာကိုတော့ နှစ်အနည်းငယ်ကြာ စောင့်ကြည့်ရဦးမယ်လို့ ကလိဗ်လန်းဆေးရုံမှ ဆရာဝန် ဒေါက်တာဖရေဆာက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။