နေကြာစေ့ စားသုံးခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူး

Health Knowledge
နေကြာစေ့ စားသုံးခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေကြာစေ့ စားသုံးခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေကြာစေ့ စားသုံးခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူး
သွေးကျဲဓါတ်စာအမြဲစားပါ

သွေးပျစ်ခြင်းဟာမကောင်းဘူးသွေးကျဲနေမှပဲနေလို့ထိုင်လို့ကောင်းတယ်သွေးပျစ်နေရင်သွေးတိုး၊သွေးကြောပိတ်သွေးခဲ၊ဆီးချို၊ကိုယ်လက်ကိုက်ခဲ၊လေးလံထိုင်းမှိုင်းစသည်ဖြင့်ရောဂါအမျိုးမျိုးဖြစ်ဖို့သိပ်လွယ်တယ်။ဒါကြောင့်သွေးကိုခပ်ကျဲကျဲပဲထားရမှာဖြစ်တယ်။

သွေးကျဲနေဖို့လိုအပ်တဲ့အတွက်သွေးပျစ်သူတွေဟာသွေးကျဲဆေးသောက်နေကြရလေ့ရှိတယ်။ကယ်မီကယ်ဆေးကိုနေ့တိုင်းမသောက်ချင်ကြတဲ့သူတွေကတော့သဘာဝဆေးကိုတောင်းကြပါတယ်။အစာလည်းဆေး-ဆေးလည်းအစာသဘာဝအစားအစာထဲကသွေးကျဲအောင်လုပ်ပေးနိုင်တာကတော့နေကြာစေ့ပဲဖြစ်ပါတယ်။

နေကြာစေ့ကဘာကြောင့်သွေးကျဲအောင်လုပ်ပေးနိုင်တာလဲ။

နေကြာစေ့အဆံထဲမှာဆီတွေရှိနေပါတယ်အဲဒီဆီထဲမှာဗီတာမင်Eအပြည့်ပါပါတယ်။ဗီတာမင်Eကသွေးကျဲအောင်အဓိကလုပ်ပေးတာဖြစ်တယ်။အနောက်နိုင်ငံကလူတွေနှလုံးသွေးကြောမပိတ်အောင်ဗီတာမင်Eကိုအဓိကသောက်ကြတယ်။သွေးကျဲဖို့နဲ့သွေးကြောထဲမှာBlockမဖြစ်ဖို့၊သွေးလည်ပတ်မှုကောင်းဖို့တွေအတွက်ဖြစ်တယ်။

နေကြာစေ့ကိုရှမ်းလူမျိုးတွေအမြဲစားကြလေ့ရှိတယ်။ရာသီဥတုအရမ်းအေးတဲ့အချိန်မျိုးမှာတောင်နေကြာစေ့ကသွေးမပျစ်အောင်သွေးမခဲအောင်လုပ်ပေးနိုင်တယ်။အရင်ခေတ်ကနှလုံးရောဂါသည်တွေသွေးကြောမပိတ်အောင်၊သွေးကျဲအောင်နေကြာစေ့စားကြလေ့ရှိပါတယ်။

နေကြာစေ့စားဆိုပေမဲ့အပူပြင်းပြင်းနဲ့လှော်ထားတဲ့နေကြာစေ့မျိုးတော့မစားနဲ့။ဘာလို့လဲဆိုရင်ဗီတာမင်Eကအပူပေးတာများရင်ပျက်စီးသွားတတ်လို့ဖြစ်ပါတယ်။

မီးနဲနဲနဲ့လှော်ရင်တော့မပျက်စီးဘူး။ကောင်းတာကတော့နေကြာစေ့အစိမ်းဝယ်ပြီးကိုယ့်ဟာကိုယ်လှော်စားသင့်တယ်။ကျနော်ကလောသွားရင်နေကြာစေ့အစိမ်းတွေဝယ်လာလေ့ရှိတယ်။အိမ်ကျမှမီးပါးပါးနဲ့ဒယ်အိုးထဲထည့်လှော်စားတယ်။ချက်ချင်းလှော်ချက်ချင်းစားတာသိပ်စားလိူ့ကောင်းပါတယ်။

သွေးကျဲဖို့အတွက်နေကြာစေ့ဓါတ်စာအပြင်ရေများများသောက်ဖို့လည်းလိုတယ်။ရေသောက်နဲရင်သွေးပျစ်တယ်၊သွေးချိုတယ်၊သွေးငန်တယ်၊သွေးညစ်တယ်။ဒါကြောင့်50Lbကိုရေတစ်လီတာနှုန်းသောက်ရမယ်။ဥပမာအားဖြင့်ပေါင်၂၀၀ရှိတဲ့သူဟာနေ့စဉ်ရေ၄ပုလင်းအနဲဆုံးသောက်ရမယ်။ရာသီဥတုပူရင်ဒီ့ထက်ပိုသောက်ဖို့လိုပါတယ်။

သွေးကျဲဖို့အတွက်အချဉ်အရသာ၊ကြက်သွန်ဖြူနီ၊နနွင်း၊ကြွက်နားရွက်မှိုတွေကိုလည်းစားပေးဖို့လိုတယ်။ဒီလိုNetworkနဲ့လုပ်သွားရင်သွေးကျဲပြီးအမြဲကျန်းမာနေပါလိမ့်မယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။