၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် အားနည်းနေတတ်ပါတယ်။ မိမိ၏ ကျန်းမာရေး အပြင် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးရပါမယ်။ စိတ်ဖိစီးမှု ဖြစ်စေနိုင်သော အရာများမှ ဝေးဝေးနေထိုင်ပေးပါ။

ငွေရေးကြေးရေးအရ အထိုက်အလျှောက် အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ အစုရှယ်ယာ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း ရလာဒ်သည် ကောင်းမွန်နေပါမယ်။ သိုသော် ငွေကြေး ကိစ္စနှင့် ပက်သက်၍ ပေါ့ပေါ့ဆဆ မနေပါနှင့်။ စနစ်တကျ ကိုင်တွယ်စီစဉ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှုများ ရှိနေပါမယ်။ မမျှော်လင့်ဘဲ ကြားသိရသော သတင်းကောင်းကြောင့် တစ်မိသားစုလုံး ပျော်ရွှင်နေရတတ်ပါတယ်။

ပြိဿရာသီခွင် – Taurus ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် အရာအားလုံး အဆင်ပြေ ချော‌မွေ့နေပေမယ့်လို့ စိတ်ပိုင်းဆိုင်ရာအရ အားနည်းနေတတ်ပါတယ်။ မသေချာ မရေရာမှုတို့ကြောင့် ကောင်းမွန်စွာ ဆုံးဖြတ်ချက် ချမှတ်နိုင်မည် မဟုတ်ပေ။

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒ့ါအပြင့် အတိတ်ကာလ ရင်းနှီးမြုပ်နှံမှုများမှ အကျိုးအမြတ် ရရှိနိုင်မည့် အလားအလာကောင်းများလည်း ရှိနေပါတယ်။ သို့သော် ငွေကြေး သုံးစွဲရာတွင် အထိန်းအကွပ် ထားရှိပေးရပါလိမ့်မယ်။

ယခုအပတ်တွင် မိသားစုဝင်တို့၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပါ။ မိမိ၏ ဂရုစိုက်မှု၊ ချစ်ခြင်မေတ္တာတို့ကို ထုတ်ဖော် ပြသပေးရန် လိုအပ်ပါလိမ့်မယ်။

မေထုန်ရာသီခွင် – Gemini ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် ဆီးချို ဝေဒနာရှင်များ၊ အဝလွန်ကြသူများ အနေနှင့် အစား‌အသောက်ကို အထူးဂရုစိုက်ပေးရပါလိမ့်မယ်။

ငွေရေးကြေးရေး အရ မလိုအပ်သော အရာအတွက် ငွေကြေး သုံးစွဲရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ငွေကြေး ကိစ္စနှင့် ပက်သက်၍ အလျင်စလို ဆုံးဖြတ်ချက် မချမိစေရန် သတိထားပေး ရပါမယ်။

ဤကာလအတွင်း မိမိ၏ မိသားစုအပေါ် ပိုမိုအချိန်ပေးနိုင်ပါလိမ့်မယ်။ မိသားစုအတွင်း အေးချမ်းမှုနှင့် အတူ ပျော်ရွှင်မှုများ ပြည့်နှက်နေပါလိမ့်မယ်။

ကရကဋ်ရာသီခွင် – Cancer ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်ပါတယ်။ စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။ မိမိ၏ ကျန်းမာရေးကို မြှင့်တင်ပေးပါ။ အထူးသဖြင့် မူယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ဤကာလအတွင်း ငွေကြေး ကံတရားသည် အားနည်းနေတတ်ပါတယ်။ ငွေကြေး ရင်းနှီးမြုပ်နှံမှုများကို အလျင်စလို မပြုလုပ်ပါနှင့်။ မည်သည့် ခြေလှမ်းကိုမဆို သတိထား ဆောင်ရွက်ပေးရန် လိုအပ်ပါလိမ့်မယ်။

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် မိသားစုဝင်များနှင့် အတူ အလည်အပတ် ခရီးသွားရတတ်ပါတယ်။ အပြုသဘောဆောင်သော အပြောင်းအလဲတို့ဖြင့် ပျော်ရွှင်မှုများ ရှိနေပါလိမ့်မယ်။

သိဟ်ရာသီခွင် – Leo ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ‌အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အဆိုးမြင် အတွေးများမှ လွတ်မြောက်အောင် ကြိုးစားပေးရပါလိမ်မ့ယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပါ။

ငွေရေးကြေးရေး အရ တိုးတက်မှုများ ရှိလာပါလိမ့်မယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင်များ ရရှိတတ်ပါတယ်။

ဤကာလအတွင်း ကိုယ်ရေးကိုယ်တာ အခက်အခဲတို့ကြောင့် ပျော်ရွှင်မှုသည် ကင်းမဲ့နေနိုင်ပါတယ်။ မိမိတစ်ဦးတည်း မွန်းကြပ်မှုကြားတွင် ပိတ်လှောင်မနေဘဲ မိသားစုဝင်များ သို့မဟုတ် ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းများကို ပြောဆိုပေးပါ။ သို့မှသာ စိတ်သက်သာရာ ရရှိပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ စိုးရိမ်စရာ မလိုအပ်ပေ။ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ သို့‌သော် ကိုယ်လက်လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း ငွေကြေး အကူအညီ ပေးဆောင်ရဖွယ် ရှိနေပါတယ်။ လူမှုရေး နယ်ပယ် ဘဝတွင် တိုးတက်မှုများ ကြုံတွေ့ရတတ်ပါတယ်။ မိမိ၏ ရည်မှန်းချက်၊ ပန်းတိုင်အတွက် ပိုမိုနီးစပ်အောင် ကြိုးစားပေးပါ။

မိသားစုဘဝအတွင်း ငြိမ်းချမ်မှုနှင့် အတူ ကောင်းမွန်သော ဆက်ဆံရေးများ ရှိနေပါမယ်။ သို့သော် အပြုအမူ၊ အပြောအဆိုနှင့် ပက်သက်၍ သတိထားပေးရပါမယ်။

တူရာသီခွင် – Libra ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ ကြီးကြီးမားမား ရောဂါဝေဒနာ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။ ယခင်ထက် ရုပ်ပိုင်းဆိုင်ရာ ပိုမို ကြံ့ခိုင်လာပါမယ်။

ငွေရေးကြေးရေး အရ ယခုအပတ်တွင် အနည်းငယ် ကျပ်တည်းနေတတ်ပါတယ်။ မိသားစု၏ ကျန်းမာရေးအတွက် ငွေကြေး အချို့ သုံးစွဲရနိုင်ပါတယ်။ ယခုအပတ်အတွင်း ခါးပိုက်နှိုက်ခံရတတ်သည် သတိထားပေးပါ။

မိသားစုအတွင်း အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားနေပါက ဤကာလအတွင်း ပြန်လည် ဖြေရှင်းနိုင်ပါမယ်။ ချစ်ခြင်းမေတ္တာအရ လိုက်ဖက်ညီမှုနှင့် အတူ အခက်အခဲအချို့ကို ကျော်လွှားရတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်နေပါမယ်။ အထူးသဖြင့် အသက်အရွယ် ကြီးသူများ အနေနှင့် ခါးနာခြင်း သို့မဟုတ် အဆစ်အမြစ် ကိုက်ခဲခြင်းများ ခံစားနေရပါက သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးပြီး ယောဂ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေ အားကောင်းနေပါမယ်။ အသုံးစရိတ်များကို ထိန်းချုပ်နိုင်ပီး ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။

ဒါ့အပြင် မိသားစု၏ ငွေကြေးကိစ္စများကိုပါ ထောက်ပံ့နိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အသေးအဖွဲ့ ပြဿနာများ ဖြစ်ပေါ်နိုင်ခေါ ရှိနေပါတယ်။ ကိုယ်ခံအား ကောင်းမွန်နေစေရန် အသီးအနှံများကို စားသုံးပေးရပါမယ်။

အကယ်၍ နိုင်ငံရပ်ခြားနှင့် ပက်သက်နေပါက အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ သို့သော် အစောပိုင်းကတည်းက မှန်ကန်သော ဗျူဟာများ ချမှတ်ပေးရန် လိုအပ်ပါမယ်။

မိသားစုအတွင်း သတင်းကောင်းများကြောင့် ပျော်ရွှင်နေရတတ်ပါတယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် အတူ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင်ရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် စားသောက်မှုနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ကယ်လိုရီများသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအဖြင့် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာနိုင်ပါတယ်။ အတိတ်ကာလ အကျပ်အတည်းများမှ လွတ်မြောက်ကာ လမ်းကြောင်းမှန်ပေါ် ပြန်လည်‌ ရောက်ရှိလာပါမယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါလိမ့်မယ်။ ဆွေမျိုး သို့မဟုတ် မိတ်ဆွေ အပေါင်းအသင်း အချို့သည် မိမိနေအိမ်သို့ လာရောက်လည်ပတ်နိုင်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ဆီးချို၊ သွေးတိုး ဝေဒနာရှင်များ အနေနဲ့ အစားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ လုပ်ငန်းရှင်များ အနေနဲ့ ကံတရားသည် ကောင်းမွန်နေသောကြောင့် အမြတ်ဝင်ငွေ တိုး‌စေရန် အခွင့်အလမ်းများစွာ ရရှိနိင်ပါတယ်။

ဤကာလအတွင်း အိမ်မှုရေးရာ ကိစ္စရပ်များ ပိုမိုများပြားလာဖွယ် ရှိနေပါတယ်။ နိုင်ံငံရပ်ခြားသွားရကံရှိသည်။ ယခုအပတ်အတွက် တောင်ပေါ်နှင့် ရေလမ်းခရီးရှောင်ပါ။ မတော်တဆထိခိုက်မှုတို့ ကြုံရနိုင်သည်။ အလုပ်တိုင်းကို ဖြည်းဖြည်းမှန်မှန်နှင့် လုပ်ဆောင်ပါ။ လိုအပ်ပါက အခြားအိမ်ထောင်စုဝင်များ၏ အကူအညီကိုလည်း ရယူနိုင်ပါတယ်။

မိန်ရာသီခွင် – Pisces ( အောက်တိုဘာလ ၂ ရက်နေ့ မှ အောက်တိုဘာလ ၈ ရက်နေ့အထိဟောစာတမ်း )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ သန့်ရှင်း လတ်ဆတ်သော အစားအစာများနှင့် အတူ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။ မိမိ၏ စိတ်ကို ပျော်ရွှင်အောင်ထားပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရား၏ ထောက်ပံ့မှုကို ရရှိနိုင်မည် ဖြစ်သောကြောင့် ကြုံတွေ့‌နေရသော အကျပ်အတည်းများမှ လွန်မြောက်နိုင်ပါမယ်။ ဘဏ္ဍာရေး အခြေအနေ တိုးတက်ကောင်းမွန်လာပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာပါမယ်။

သို့သော် ဤကာလအတွင်း မိသားစုဝင်များ အကြား ဆက်ဆံရေးသည် အနည်းငယ် ခက်ထန်နေနိုင့်ပါမယ်။ အထူးသဖြင့် မိသားစု ငြိမ်းချမ်းမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပါ။ စကားကို အချေအတင် ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၊၊ မဟုတ်ပါက အငြင်းပွားမှုတို့ကြောင့် စိတ်ညစ်ရတတ်ပါတယ်။

ရေးသားသူ – Future Hope တဲရော့ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။