thayနေ့ကိုရွှေ့ပစ်နိုင်သောယတြာများ

Astrology Religion
thayနေ့ကိုရွှေ့ပစ်နိုင်သောယတြာများ

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင်ပညာရပ်၌ ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိရာတွင်ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာအသက်(၆၀)ပြည့်သည့်နေ့တွင် thayရမည်ကိုသိလေ၏ ။

ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း thayရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားလေ၏ ။

ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက” မှန်၏ ။အသက်(၆၀) နေမွန်းတည့်ချိန်တွင် thayမည် ။ thayလျှင် မြောက်ဘက်တောတန်းတွင် မျောက်ဖြစ်လိမ့်မည်”ဟုဟောကြားလိုက်လေသည် ။

ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌စားရန် တောတန်းတွင်…
_ဥယျာဉ်စိုက်၏ ။
-နေရန်ဇရပ်ဆောက်၏ ။
-ရေတွင်းတူး၏ ။
-လမ်းဖောက်၏ ။
-တံတားဆောက်၏ ။
စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့် လူအများသွားလာရပ်နားမှု အဆင်ပြေနေတော့သည် ။

အသက်(၆၀)ပြည့်၍ မသေသောအခါ ဘုရားရှင်ထံသွားရောက် အပြစ်တင်လေ၏ ။

မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲအများအတွက်ပြုလုပ်ပေးသော အောက်ပါ ကုသိုလ်များသည်thayနေ့ကိုပင် ရွှေပစ်နိုင်သည်ဟု ဟောပြလေရာပုဏ္ဏားမိသားစုဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ သောတာပန်တည်လေ၏ ။

(၁) အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း ။
(၂) အများစားသုံးရန် အရန်စိုက်ခြင်း ၊ သစ်ပင်စိုက်ပျိုးပေးခြင်း ။
(၃) အများနေရန် ဇရပ်ဆောက်ပေးခြင်း ။
(၄) အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း ။
(၅) အများသွားလာနိုင်ရန် တံတားဆောက်ပေးခြင်း ။
(၆)အများသောက်သုံးနိုင်ရန် ရေတွင်းရေကန်တူးပေးခြင်း ။

{မှတ်ချက်။ ။”#အရန်” စိုက်သည်ဆိုသည်မှာ မိမိနေအိမ် ၊ နေရာ ၊ ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည် ။}

thayနေ့ကိုရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ ။
{သီတဂူဆရာတော်ဘုရား ဟောကြားတော်မူအပ်သော အာယုဒီပ(၆)ပါးကို အကျဉ်းဖော်ပြခြင်းဖြစ်ပါသည် ။ }

ရေးသားသူ – ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။