မဟာဘုတ်နှင့်မိတ်ပက္ခတ်ရန်ပက္ခတ်နာမည်များ

Astrology
မဟာဘုတ်နှင့်မိတ်ပက္ခတ်ရန်ပက္ခတ်နာမည်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်နှင့်မိတ်ပက္ခတ်ရန်ပက္ခတ်နာမည်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်နှင့်မိတ်ပက္ခတ်ရန်ပက္ခတ်နာမည်များ

အခုတခါမှာတော့ ကျွန်တော်လေ့လာတွေ့ရှိထားတဲ့ ပက္ခတ်အမျိုးမျိုးအကြောင်းကို ဖော်ပြပေးလိုပါတယ် ။ ပက္ခတ်ဆိုမှတော့ ဘယ်ပက္ခတ်မှ မကောင်းပါဘူး ။ ဒီတော့ ပက္ခတ်မိတဲ့ အမည်များဟာ ကျိုးပဲ့ခြင်း ၊ ကန်းခြင်း ၊ ဆွံ့အ’ခြင်း ၊ အသက်အန္တရာယ်ရှိတတ်ခြင်း ဒါမျိုးတွေရှိပါ‌တယ် ။

ဒါပေမယ့်လည်း “အနာသိက ဆေးရှိ” ဆိုသလို ယတြာများနဲ့ ပြန်လည်ပြုပြင်ပေးခြင်း ၊ နေထိုင်ပေးခြင်း ၊ နာမည်ပြောင်းလဲမှည့်ခေါ်လို့ အဆင်ပြေနိုင်ပါက ပြောင်းလဲမှည့်ခေါ်ပေးခြင်းများ ပြုလုပ်ပေးပါမူ ပက္ခတ်အညံ့အခိုက်မှန်သမျှရန်ကနေ ကင်းလွတ်စေပါလိမ့်မယ် ။ တစ်ခုတော့ ရှိတယ်ပေါ့ ။ စိတ်ရှည်ရပါမယ် ။

ပက္ခတ်တွေထဲမှာ မိတ်ပက္ခတ် ၊ ရန်ပက္ခတ်ဆိုပြီး ဆိုးကျိုး ကွဲပြားပါသေးတယ်။
မိတ်ပက္ခတ်နာမည်က ရန်ပက္ခတ်နာမည်လောက် ဆိုးအား မရှိပါဘူး။ ဒါပေမယ့် မိတ်နဲ့ ပက်သက်ပြီး သူမှာ ဆိုးအားတော့ရှိပါတယ်။ အပြင်မိတ်ဆို ၊ စီးပွားရေး မိတ်ဆွေတွေနဲ့ ပြင်ပက မိတ်ဆွေတွေနဲ့ ပက်သက်ပြီး သတိထားရမှာ ဖြစ်ပါတယ်။
အတွင်းမိတ်ဆို ၊ အိမ်ထောင်ရေး အတွင်းလူတွေနဲ့ ပြဿနာဖြစ်နိုင် စိတ်ဆင်းရဲနိုင်ပါတယ်။

ဥဒါသိန် ပက္ခတ်နာမည်က ရန်ပက္ခတ်အမည်လောက် ဆိုးအား မရှိပေမယ့် မိတ်ပက္ခတ်ထက်တော့ ဆိုးအားရှိပါတယ် ။ဥဒါသိန်ဟာ “အာမေဋိတ်” ဖြစ်တဲ့အတွက်ရုတ်တရက် ပြဿနာပေါ်လာတာမျိုးတွေ မထင်မှတ်ပဲ ကြုံတွေ့ရတာမျိူးတွေ ဖြစ်စေပါတယ်။

ဓာတ်ပက္ခတ်ဟာ ကျန်မာရေးပိုင်းမှာ ထိနိုင်ပါတယ် ။
ရန်ပက္ခတ် အမည်တွေကတော့ အဆိုးဆုံးပါပဲ ။ အတွင်းရန်ပက္ခတ်နာမည်ဆို အတွင်း အတူနေအတွင်းလူတွေကြောင့် ပြသနာဖြစ် ထိခိုက်ဒဏ်ရာဖြစ်နိုင်ပါတယ်။ အပြင်ရန်ပက္ခတ် နာမည်ဆို စီးပွားရေး ၊ အလုပ်အကိုင် ၊ အပြိုင်အဆိုင်တွေကနေ ရန်ရှာတာမျိုးတွေ ဖြစ်စေပါတယ်။

ကဲ… ဒါဆို မိတ်ဥဒါသိန် ၊ ရန်ပက္ခတ်တွေ
အကြွင်းတစ်ခုချင်းစီ ခွဲခြားကြည့်ကြရအောင် ။

မဟာဘုတ် အကြွင်း (၁)

ဗုဒ္ဓဟူးနံ အစ ၊ကြာသပတေးနံ အဆုံး ၊ ကြာသပတေးနံအစ ဗုဒ္ဓဟူးနံ အဆုံး ။ ( ဥဒါသိန် ပက္ခတ် )
အင်္ဂါနံအစ သောကြာနံအဆုံး ၊ သောကြာနံ အစ အင်္ဂါနံ အဆုံး ။ (အပြင်မိတ် ပက္ခတ်)
စနေနံအစ တနင်္လာနံ အဆုံး ၊ တနင်္လာနံအစ စနေနံ အဆုံး ။ ( ဥဒါသိန် ပက္ခတ်)
တနင်္ဂနွေနံအစ တနင်္ဂနွေနံ အဆုံး ။ ( ဥဒါသိန် ပက္ခတ်)

မဟာဘုတ် အကြွင်း (၂)

ကြာသပတေးနံအစ သောကြာ အဆုံး ၊ သောကြာနံအစ ကြာသပတေးနံ အဆုံး ။ (ဥဒါသိန် ပက္ခတ်)
စနေနံအစ ဗုဒ္ဓဟူးနံအဆုံး ၊ ဗုဒ္ဓဟူးနံအစ စနေနံ အဆုံး ။ (အတွင်းမိတ် ပက္ခတ်)
တနင်္ဂနွေနံ အစ အင်္ဂါနံအဆုံး ၊ အင်္ဂါနံ အစ တနင်္ဂနွေနံ အဆုံး ။ (အပြင်ရန် ပက္ခတ်)
တနင်္လာနံအစ တနင်္လာနံ အဆုံး ။ (ဥဒါသိန် ပက္ခတ်)

မဟာဘုတ် အကြွင်း (၃)

သောကြာနံ အစ ၊ စနေနံ အဆုံး ၊ စနေနံအစ သောကြာနံ အဆုံး ။
(အပြင်ရန် ပက္ခတ်)
ကြာသပတေးနံအစ တနင်္ဂနွေနံအဆုံး ၊ တနင်္ဂနွေနံအစ ကြာသပတေးနံအဆုံး ။ ( အပြင်မိတ် ပက္ခတ်)
ဗုဒ္ဓဟူးနံအစ တနင်္လာနံ အဆုံး ၊ တနင်္လာနံအစ ၊ ဗုဒ္ဓဟူးနံ အဆုံး ။ (အပြင်မိတ် ပက္ခတ်)
အင်္ဂါနံအစ အင်္ဂါနံအဆုံး ။ (ဥဒါသိန် ပက္ခတ်)

မဟာဘုတ် အကြွင်း (၄)

တနင်္ဂနွေနံအစ ၊ စနေနံ အဆုံး ၊ စနေနံအစ တနင်္ဂနွေနံ အဆုံး ။ (ဓာတ် ပက္ခတ် )
သောကြာနံအစ တနင်္လာနံ အဆုံး ၊ တနင်္လာနံအစ သောကြာနံ အဆုံး ။ (အတွင်းရန် ပက္ခတ်)
အင်္ဂါနံအစ ကြာသပတေးနံ အဆုံး ၊ကြာသပတေးနံအစ အင်္ဂါနံ အဆုံး ။ (အတွင်းမိတ် ပက္ခတ်)
ဗုဒ္ဓဟူးနံအစ ဗုဒ္ဓဟူးနံ အဆုံး ။ ( ဥဒါသိန် ပက္ခတ်)

မဟာဘုတ် အကြွင်း (၅)

တနင်္ဂနွေနံ အစ တနင်္လာနံ အဆုံး ၊ တနင်္လာနံအစ တနင်္ဂနွေနံ အဆုံး ။ ( ဥဒါသိန် ပက္ခတ်)
အင်္ဂါနံအစ စနေနံ အဆုံး ၊ စနေနံအစ အင်္ဂါ နံအဆုံး ။ ( ဥဒါသိန် ပက္ခတ်)
သောကြာနံအစ ဗုဒ္ဓဟူးနံအဆုံး ၊ ဗုဒ္ဓဟူးနံအစ သောကြာနံ အဆုံး ။ (ဓာတ် ပက္ခတ်)
ကြာသပတေးနံအစ ကြာသပတေးနံ အဆုံး ။( ဥဒါသိန် ပက္ခတ်)

မဟာဘုတ် အကြွင်း (၆)

တနင်္လာနံအစ ၊ အင်္ဂါနံ အဆုံး ၊ အင်္ဂါနံအစ တနင်္လာနံ အဆုံး ။
( ဥဒါသိန် ပက္ခတ်)
ဗုဒ္ဓဟူးနံအစ တနင်္ဂနွေနံ အဆုံး ၊ တနင်္ဂနွေနံအ စ ဗုဒ္ဓဟူးနံ အဆုံး ။ (အတွင်းရန် ပက္ခတ်)
စနေနံအစ ကြာသပတေးနံ အဆုံး ၊ကြာသပတေးနံအစ စနေနံအဆုံး ။ (အတွင်းရန် ပက္ခတ်)
သောကြာနံအစ သောကြာနံ အဆုံး ။( ဥဒါသိန် ပက္ခတ်)

မဟာဘုတ် အကြွင်း (၀)

အင်္ဂါနံအစ ဗုဒ္ဓဟူးနံ အဆုံး ၊ ဗုဒ္ဓဟူးနံအစ ၊ အင်္ဂါနံ အဆုံး
။ ( ဥဒါသိန် ပက္ခတ်)
ကြာသပတေးနံအစ ၊ တနင်္လာနံ အဆုံး ၊ တနင်္လာနံအစ ၊ ကြာသပတေးနံ အဆုံး ။ (အပြင်ရန် ပက္ခတ်)
တနင်္ဂနွေနံအစ ၊ သောကြာနံ အဆုံး
သောကြာနံ အစ တနင်္ဂနွေနံ အဆုံး ။ (အတွင်းမိတ် ပက္ခတ်)
စနေနံအစ ၊ စနေနံ အဆုံး ။ ( ဥဒါသိန် ပက္ခတ်)

မှတ်ချက် ။ ။ ဤပို့စ်မှာ “ရာဟုနေ့သားသမီးများ”ကို ထည့်သွင်း စဉ်းစားထားခြင်း မပြုပါ ။ သို့သော် မိတ်ဆွေတို့ အနေနဲ့ ဥပမာ မဟာဘုတ် အကြွင်း (၃) နာမည် က “ရဲကို” အမည်ဆိုပါက အတွင်းမိတ် ပက္ခတ်လို့ ယူရမှာဖြစ်ပါတယ် ။
“၀င်းကျော်” အမည်ဆိုပါက အပြင်မိတ် ပက္ခတ် ယူရမှာ ဖြစ်ပါတယ် ။

ရင်သွေးငယ်အားလုံး ပက္ခတ်အမည်ပေးခြင်းမှရှောင်နိုင်ကြပါစေသော်

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။