အကြွင်း (၀)ရသော (၇)ရက် သားသမီးများအတွက် ဘဝ တစ်သက်တာ ပန်း၊ အညွှန့်များဖြင့် လှူရန် ယတြာ

Astrology
အကြွင်း (၀)ရသော (၇)ရက် သားသမီးများအတွက် ဘဝ တစ်သက်တာ ပန်း၊ အညွှန့်များဖြင့် လှူရန် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကြွင်း (၀)ရသော (၇)ရက် သားသမီးများအတွက် ဘဝ တစ်သက်တာ ပန်း၊ အညွှန့်များဖြင့် လှူရန် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကြွင်း (၀)ရသော (၇)ရက် သားသမီးများအတွက် ဘဝ တစ်သက်တာ ပန်း၊ အညွှန့်များဖြင့် လှူရန် ယတြာ

ယခု ပန်းများသည် အကြွင်း (၀)ရသော (၇)ရက် သားသမီးများအတွက် ဘဝ တစ်သက်စာ လှူစရာ ပန်း၊ အညွှန့်များ ဖြစ်ပါသည်။
မိမိ မြန်မာ မွေးသက္ကရာဇ်ကို (၇)နဲ့ စားပါ။ အကြွင်း (၀) ရပါက –

တနင်္ဂနွေ သားသမီးများအတွက်

မေမြို့ (၅)ပွင့်၊ ကြာပန်း (၂)ပွင့်၊ သပြေ (၆)ညွှန့်

တနင်္လာ သားသမီးများအတွက်

သပြေ (၆)ညွှန့်၊ ကံ့ကော် (၂)ညွှန့်

အင်္ဂါ သားသမီးများအတွက်

ရွက်လှ (၄)ညွှန့်

ဗုဒ္ဓဟူး သားသမီးများအတွက်

ရွက်လှ (၄)ညွှန့်၊ မေမြို့ (၅)ပွင့်၊ ကြာပန်း (၂)ပွင့်

ကြာသပတေး သားသမီးများအတွက်

မေမြို့ (၅)ပွင့်၊ ရွက်လှ (၄)ညွှန့်

သောကြာ သားသမီးများအတွက်

ရွက်လှ (၄)ညွှန့်၊ သီဟိုရ် (၆)ညွှန့်

စနေ သားသမီးများအတွက်

မေမြို့ (၅)ပွင့်၊ ကြာပန်း (၂)ပွင့်၊ သပြေ (၆)ညွှန့်

လပြည့် လကွယ်နှင့် အပတ်စဉ် မိမိ မွေးနေ့တို့တွင် ဘုရားကပ်လှူ ပူဇော်ပေးပါက အိမ်ထောင်ရေး အလုပ်အကိုင် စီးပွားရေး ကျန်းမာရေး အညံအခိုက်များနှင့် ပိတ်ဆို့နေသော လာဘ်လာဘတို့ကို ပွင့်လန်းစေပါသည်။

ပြုလုပ်ရမည့် ရက်နှင့် အချိန်

ရက်နဲ့အချိန်ကတော့ ပြုလုပ်မည့် သူရဲ့ မွေးနေ့မှာ ဒါမှမဟုတ် လပြည့်၊ လကွယ်နေ့မှာ မနက် ၉နာရီ ၄၅မိနစ် အတိမှာ လှူရပါမယ်။ တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် ပြုလုပ်မည့် သူရဲ့ မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမယ်။ လပြည့်၊ လကွယ်နေ့တိုင်း ဒါမှမဟုတ် အပတ်တိုင်း လုပ်ရပါမယ်။ လပြည့်၊ လကွယ်နေ့တိုင်း ဒါမှမဟုတ် အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါတယ်။

မှတ်ချက်။ ။ ရာဟုနဲ့ ဗုဒ္ဓဟူး သားသမီးတို့က အတူတူပါပဲ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါတယ်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမယ်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။