စစ်ဖြစ်နေပြီဖြစ်တဲ့ အစ္စရေးနှင့် ပါလက်စတိုင်း

International News
စစ်ဖြစ်နေပြီဖြစ်တဲ့ အစ္စရေးနှင့် ပါလက်စတိုင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ဖြစ်နေပြီဖြစ်တဲ့ အစ္စရေးနှင့် ပါလက်စတိုင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ဖြစ်နေပြီဖြစ်တဲ့ အစ္စရေးနှင့် ပါလက်စတိုင်း

ဂါဇာမှာ ဘာတွေဖြစ်ပွားနေပါသလဲ။
ပါလက်စတိုင်း အစ္စလာမ်မစ် စစ်အုပ်စု ဟားမတ်စ်အဖွဲ့က ရုတ်တရက် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ အစ္စရေးဘက်ကလည်း ဂါဇာကမ်းမြောင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်နေပါတယ်။


ဂါဇာမှာနေထိုင်သူ လူပေါင်း ၂၃၀ ကျော် thayဆုံးထားပြီး ဒဏ်ရာရသူ နောက်ထပ် အယောက် ၁,၀၀၀ ကျော်ရှိတယ်လို့ အဲဒီက အရာရှိတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
ဂါဇာကမ်းမြောင်ထဲက နေရာ ၇ ခုမှာနေထိုင်သူတွေကိုတော့ နေအိမ်တွေကို စွန့်ခွာပြီး မြို့လယ်မှာဖွင့်ထားတဲ့ ဒုက္ခသည်ခိုလှုံရေးစခန်းတွေကို သွားရောက်ကြဖို့ အစ္စရေး စစ်တပ်က တိုက်တွန်းနေပါတယ်။

ဒါဇင်နဲ့ချီတဲ့ အိမ်ထောင်စုတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ကုလသမဂ္ဂက စီမံခန့်ခွဲတဲ့ စာသင်ကျောင်းတွေထဲ ရွှေ့ပြောင်း ခိုလှုံနေကြပြီလို့ မျက်မြင်တွေက ဘီဘီစီကိုပြောပါတယ်။
လူမှုကွန်ရက် X (အရင်က တွစ်တာ) သုံးစွဲသူတွေကတော့ ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ‘’မပြတ်ဖြစ်နေပြီး ကြီးလည်းကြီးမားတယ်’’ လို့ ပြောဆိုရေးသားနေကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။