ခွဲခြားနိုင်ခြင်းမရှိသေးတဲ့ ရောဂါကြောင့် ကင်ညာကျောင်းသူ ၉၅ ယောက် ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရ ဖြစ်နေ

International News
ခွဲခြားနိုင်ခြင်းမရှိသေးတဲ့ ရောဂါကြောင့် ကင်ညာကျောင်းသူ ၉၅ ယောက် ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရ ဖြစ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခွဲခြားနိုင်ခြင်းမရှိသေးတဲ့ ရောဂါကြောင့် ကင်ညာကျောင်းသူ ၉၅ ယောက် ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရ ဖြစ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခွဲခြားနိုင်ခြင်းမရှိသေးတဲ့ ရောဂါကြောင့် ကင်ညာကျောင်းသူ ၉၅ ယောက် ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရ ဖြစ်နေ

ကင်ညာနိုင်ငံမှာ ထူးဆန်းတဲ့ရောဂါတစ်မျိုးကြောင့် အထက်တန်းကျောင်းသူ ၉၅ ယောက် ခန္ဓာကိုယ် အောက်ပိုင်းလှုပ်ရှားမရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမြို့ကနေ ၃၇၄ ကီလိုမီတာကွာဝေးတဲ့ ကာကာမီဂါမြို့မှ စိန့်ထရီဆာအီရီဂီ မိန်းကလေးကျောင်းရဲ့ ကျောင်းသူ ၉၅ ယောက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အောက်ပိုင်းthayလို့ ဆေးရုံရောက်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် စိုးရိမ်ထိတ်လန့်နေတဲ့ မိဘတွေက ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို ဖြေရှင်းချက်ထုတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။ မိန်းကလေးတွေဟာ ခြေထောက်တွေ ထုံကျင်ပြီး လှုပ်ရှားမရ ဖြစ်ခဲ့တာကြောင့် ဘီးတပ်ကုလားထိုင် အသုံးပြုနေရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ သိရဖို့ သွေး၊ ဆီး၊ ကျင်ကြီး နမူနာယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကာကာမီဂါမြို့ ကျန်းမာရေးကော်မတီ အကြီးအကဲ ဝီဆွန်ဂါက ပြောပါတယ်။

အခုလို ကြုံခဲ့ပြီးနောက်မှာ စိန့်ထရီဆာအီရီဂီ မိန်းကလေးကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါပြီ။ ခန္ဓာကိုယ် အောက်ပိုင်းသေသွားတဲ့ မိန်းကလေး ၉၅ ယောက်အနက် တော်တော်များများကတော့ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေ တိုးတက်လာပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။