အိမ်ပိုင်မြေပိုင် လက္ခဏာများ

Astrology
အိမ်ပိုင်မြေပိုင် လက္ခဏာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ပိုင်မြေပိုင် လက္ခဏာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ပိုင်မြေပိုင် လက္ခဏာများ

1.
တနဂ်နွေဂြိုလ်ခုံမှာ အောင်မြင်ရေးလမ်းတိုပါမယ်
ထိုအောင်မြင်ရေးလမ်းတိုကို အကူထောက်လမ်းလည်း ပါမယ် နားလည်အောင် အလွယ်ပြောရရင်စေတီလိုမျိူးဖြစ်နေမယ်ဆိုရင်လက္ခဏာရှင်ဟာ အိုးပိုင်အိမ်ပိုင်နဲ့နေရပါလိမ့်မယ်လမ်းကြောင်းက ထင်ရှားအားကောင်းလာရင်၆လအတွင်း ပိုင်ဆိုင်ရတတ်ပါတယ်

2.အသက်လမ်းကြောင်းကနေ မျဥ်းနှစ်ကြောင်းအပြိုင်ထွက်လာပြီး ကြာသပတေးဂြိုလ်ခုံကိုရောက်ရှိနေရင်လည်း လက္ခဏာရှင်ဟာအိုးအိမ်ခြံမြေကို ပိုင်ဆိုင်ရပါလိမ့်မယ်

3.
စနေဂြိုလ်ခုံအောက်မှာ ကံလမ်းကြောင်းပါရှိမယ်
ထိုကံလမ်းကြောင်းကိုလည်း အကူထောက်လမ်းကလေးပါနေမယ် စေတီလိုမျိုး ဖြစ်နေမယ်ဆိုရင် လက္ခဏာရှင်ဟာအိုးပိုင်အိမ်ပိုင်ဘဝမျိုးနဲ့ကို ရရှိပါလိမ့်မယ်လမ်းကြောင်းက အင်အားကောင်းလေလေပိုမြန်လေ ကောင်းတာရလေပါပဲမှိန်မယ် အင်အားလည်း သိပ်မကောင်းရင်ပိုင်ဆိုင်ဖို့ ကြာနေတတ်ပါတယ်

4.
လက်မရဲ့အောက်ခြေ သောကြာဂြိုလ်ခုံပေါ်မှာ( တြိဂံပုံအဖြူပြထားပါတယ်)
တြိဂံပါရှိနေရင် လက္ခဏာရှင်ဟာအိမ် ခြံ မြေ လယ်ယာ တို့ကိုပိုင်ဆိုင်ရရှိတတ်ပါတယ်

5.
ကြာသပတေးဂြိုလ်ခုံခေါ်လက်ညိုးခြေရင်းမှာ လေးထောင့်ကွက်ပါရှိရင်လက္ခဏာရှင်ဟာ အိုးအိမ်ပိုင်ဆိုင်ရပါတယ်

6.
ပုံတော့ မပြတော့ဘူး မရှာချင်တော့လို့ဗုဒ္ဒဟူးဂြိုလ်ခုံခေါ် လက်သန်းခြေရင်းမှာမျဥ်းမတ်တစ်ကြောင်းပါရှိမယ်ထိုမျဥ်းမတ်ကို အကူထောက်လမ်းလေးလည်းရှိနေမယ် စေတီလိုမျိုး ဖြစ်နေမယ်ဆိုရင်လက္ခဏာရှင်ဟာ အိုးအိမ်ပိုင်ဆိုင်ရမှာပါပဲ

7.
ကြာသပတေးဂြိုလ်ခုံခေါ်လက်ညိုးခြေရင်းမှာ ကြက်ခြေခတ်ပါမယ်ကံလမ်းကြောင်းလည်း စနေဂြိုလ်ခုံသို့ရောက်သည်ထိ ပါရှိမယ်ဆိုရင် လက္ခဏာရှင်ဟာအိုးအိမ်ပိုင်ဆိုင်ရပါတယ်

(မှတ်ချက်)
အိမ်ပိုင်ဆိုင်ရတဲ့လက္ခဏာတွေ
များစွာကျန်ပါသေးတယ်
ယခုပြထားတဲ့ လက္ခဏာတွေမှာလည်း ရပုံရနည်း
ကွဲပြားပါသေးတယ်

ရေးသားသူ –ဇေယန

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။