ရန်စခံနေရပါသလား?

Astrology
ရန်စခံနေရပါသလား?

တစ်ခါတရံမှာကျွန်တော်တို့တစ်တွေရန်စခံရတာမျိုး ကြုံရတတ်ပါတယ် ။တစ်နေရာကနေပဲ ဖြစ်စေ ၊မျက်နှာချင်းဆိုင်ကနေပဲ ဖြစ်စေမကြားတကြား သော်လည်းကောင်း ၊ပေါ်တင် သော်လည်းကောင်းမနာလိုမရှုစိမ့်ရှိကြသူတွေကအမျိုးမျိုး အဖုံဖုံရန်စကားဆိုတာကြုံရတတ်ပါတယ် ။တစ်ကြိမ်တစ်ခါရန်စခံရတာမျိုးဆိုရင်တော့သည်းညည်းခံလို့ရကောင်းရနိုင်ပေမယ့်အကြိမ်ကြိမ်အခါခါရန်စနေတာမျိုးဆိုရင်တော့တော်ရုံ လူတစ်ယောက်အဖို့သည်းညည်းခံနိုင်အားလွယ်လိမ့်မယ် မထင်ပါဘူး ။

ဒါဆို ရန်ဖြစ်ရတော့မှာလား ။ရန်ပြန်ဖြစ်စရာ လုံးဝမရှိပါဘူး ။အခုယတွာကိုသာသေသေချာချာ လုပ်လိုက်ပါ ။ကိုယ့်ဖက်ကသာ မှန်တယ်ဆိုရင်မုချ မလွဲမသွေအောင်မြင်သွားပါလိမ့်မယ်ဗျာ ။

နောက်ပြီးရန်စလေ့ရှိတဲ့သူကမိတ်ဆွေကိုဘယ်တော့မျှရန်စတော့မှာ မဟုတ်ပါဘူး ။ယတြာက ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး ။

သောက်ရေခွက်(သို့)ချိုးတဲ့ရေခွက်တစ်လုံးကိုမှောက်ပြီးအဲဒီခွက်ပေါ်ကိုဖယောင်းတိုင်တစ်တိုင်ထွန်းညှိလို့ရန်လုပ်တာ အမြန်ရပ်တန့်စေဖို့လေးနက်စွာ ဆုတောင်းလိုက်ပါ ။(၃)ကြိမ် (၃)ခါ ပြုလုပ်ပေးလိုက်ရင်ရန်စနေတဲ့သူ ရန်ကနေကင်းဝေးသွားပါလိမ့်မယ် ။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။