အူကျရောဂါအတွက် မုတ်ခါး နှင့် သံပုရာ

Health Knowledge
အူကျရောဂါအတွက် မုတ်ခါး နှင့် သံပုရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အူကျရောဂါအတွက် မုတ်ခါး နှင့် သံပုရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အူကျရောဂါအတွက် မုတ်ခါး နှင့် သံပုရာ

အူကျရောဂါဆိုသည်မှာ ခါးကကိုက်ခဲလာပြီး ကပ်ပယ်အိတ် အတွင်း သို့ အူချောင်းကြီးထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင်မရှားနိုင် ဖြစ်နေ ပါ သည် ။

လှုပ်လိုက်လျှင် အူက ထောက်မိပြီး ကပ်ပယ်အိတ်က အလွန်နာကျင်ခြင်း ခံရပါသည်။

ရန် ကုန် ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ပြသသောအခါ ပထမတော့ ထိုးဆေး သောက်ဆေးများနှင့် ကုသပေးပြီး ခွဲရ စိတ်ရမည်ဟု ပြောသဖြင့် နောက်ထပ် မသွားတော့ဘဲ အိပ်ရာတွင် ခွေနေရပါသည်။

တစ်ပတ်ခန့်အကြာတွင် အမေဈေးကအပြန်သံပရာသီး သုံးလေးလုံး နှင့် မုတ်ခါး အနည်းငယ် ဝယ်လာပါသည်။

အမေက ကျွန်တော့်အား သံပရာသီးနှင့် မုတ်ခါးပေး၍ မုတ်ခါးကို သံပရာရည်နှင့် သွေးလိမ်းရန် ပြောပါသည်။

ကျွန်‌ တော် ပျောက်ချင်ဇောဖြင့် ချက်ချင်းပင် သွေးလိမ်းလိုက်ပါသည်။ ဆေးလိမ်းရာတွင် ပူခြင်း စပ်ခြင်း လုံးဝမရှိပါ။ ဆေးလိမ်းပြီး အိပ်ရာထက်တွင် မှေးနေရာမှ အိပ်ပျော်သွားခဲ့ပါသည်။

ကျွန်တော် အိပ်ရာက နိုးတော့ ခါးကိုက်သက်သာသလို ရှိနေသဖြင့် ကပ်ပယ်အိတ်ကို စမ်းသပ်ကြည့်ရာ အကောင်းပကတိ ရှိနေကြောင်း တွေ့ရှိရပါသည်။

ထိုအခါမှ သံပရာသီးနှင့် မုတ်ခါးကို ယုံကြည်စိတ်ချစွာ လေးငါးရက် ဆက်လိမ်းခြင်းဖြင့် ယခုတိုင် အကောင်းပကတိ ရှိနေပါသည်။

အမေ့အား ဆေးနည်းအကြောင်း မေးကြည့်ရာ မြန်မာပရဆေးဆိုင်မှ ရရှိကြောင်း သိရပါသည်။ ကျွန်တော်ကဲ့သို့ အူကျရောဂါ ခံစားနေရသူများ ယုံကြည်စိတ်ချစွာ မုတ်ခါးနှင့် သံပရာကို အသုံးချနိုင်ကြပါစေ။

မုတ်ခါးမှာ ပရဆေးဆိုင်များတွင် ငါးရာဖိုးဆို ရပါသည်။

မုတ် ခါး ဆိုသည်မှာ

တစ်မေး တည်းမေးနေ လို့ မုတ်ခါး အကြောင်းလေးပြောပြချင်တယ်။ ရှားစောင်း လက်ပပ် အရွက်မှာ အပိုင်း ၃ မျိုးပါတယ်။

၁။ ကျန်း မာရေးအတွက် အကောင်းဆုံးကတော့ အတွင်း အနှစ် gel ပါ။ အူလမ်းကြောင်း သန့်ရှင်းအောင် စား လို့ရတယ်။ မွှေ စက် ကလေးနဲ့မွှေ ပြီး ဖျော်ရည် လုပ်သောက်လို့ရတယ်။

ချို ချင်ရင် သကြားထည့် မွှေးချင်ရင် သံပရာသီးလေး ညှစ်ထည့်ပေါ့။ ကောင်းကျိုးတွေ ကတော့ ပြော မကုန်နိုင်အောင်ပါပဲ။ နေ့စဉ် မျက်နှာသစ်တိုင်း အဲ့ ဒီ ဂျယ် လေးနဲ့သစ်လို့ရတယ်။

ဝက်ခြံပျောက်တယ်။ အရွယ်တင် နုပျိုတယ်။

၂။ အခွံ စိမ်းပါ -သူ့ ကိုလည်း အူလမ်းကြောင်း သန့်ရှင်းစေတဲ့ ဆေးအဖြစ် သုံးလို့ရပါတယ်။ ဂျယ်လောက်တော့ အစွမ်းမထက် ဘူးပေါ့။ ဆီးချို ကျဆေး အဖြစ်လည်း အသုံးပြု နိုင်ပါတယ်။

၃။ အစေး (latex)-အညာဒေသမှာ ရှားစောင်း လက်ပပ်အရွက် ကလေးတွေကို ဓါးနဲ့ အပေါ် ယံ လွှာလေးတွေ ကို ခပ်ဖွဖွ ပေါက်။

ထွက်လာတဲ့အစေးတွေကို နို့ဆီဘူး အခွံလေးတွေနဲ့ ခံထားကြတယ်။ နှစ်ရက်လောက်ကြာတော့ နို့ဆီဘူးလေးတွေ အပြည့်နီးပါးရလာတယ်။ နို့ဆီဘူးတစ်ဘူး အချင် အတွယ်နဲ့ ဈေး ဖြတ်ပြီး ဒိုင်မှာ သွင်းတယ်။

ဒိုင်က အဲ့ဒီ အစေးတွေကို မီးဖိုနဲ့ ကျို ချက်တယ်။ ခဲသွားအောင် ရှားစေး ထည့်တယ်။ အလွန် နံပြီး ခါးတဲ့ အခဲရလာတယ်။

အဲ့ဒါကို မုတ်ခါး သို့မဟုတ် မုတ်ကဲဆေး လို့ခေါ်တယ်။

ဝမ်းသွားစေတဲ့ အာနိသင်ရှိတယ်။ ဆီးချို ကျတယ်။ အပူငြိမ်း ဆေးအနေနဲ့လည်း သုံးတယ်။

ရေရှည်သုံးရင် ကျောက်ကပ်ပျက်စီးတတ်တယ်။ အဲ့ဒါကြောင့် သူများနိုင်ငံက တိုင်းရင်းဆေးတွေမှာ မသုံးတော့ဘူး။ ကိုယ့် နိုင်ငံ မှာတော့ သုံးနေဆဲ။ ကျန်းမာသက်ရှည် ကြပါစေ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။