၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( October 23 to October 29 )
===============================================

ယခုအပတ်သည် Aries ရာသီခွင်များအတွက် ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် အပြောအဆို အမှားအယွင်းတို့ကြောင့် အငြင်းပွားမှုးများကြားတွင် နစ်မြုပ်နေတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ် နေနိုင်ပါမယ်။

ငွေရေးကြေးရေးအရ အနှောင့်အယှက် အချို့ ရှိနေနိုင်ပေမယ့် အခြေအနေ ဆိုးဝါးနေမည် မဟုတ်ပေ။ ငွေကြေး စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝတွင်း အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ပါမယ်။ သို့သော် မိသားစုဝင်များကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် ကောင်းမွန်စွာ ရှင်းပြပြီးမှသာ မည်သည့် ဆုံးဖြတ်ချက်ကို မဆို လုပ်‌ေဆာင်ပါ။

ပြိဿရာသီခွင် – Taurus ( October 23 to October 29 )
===============================================

အဆစ်အမြစ် ကိုက်ခဲခြင်း သို့မဟုတ် ခါးနာခြင်းတို့ကြောင့် ဒုက္ခရောက်ခဲ့သော Taurus ရာသီခွင်များ အနေနဲ့ ယခုအပတ်တွင် သက်သာရာ ရရှိပါလိမ့်မယ်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပေးပါ။ ဒါ့အပြင် ကိုယ်လက် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရန်လည်း လိုအပ်ပါလိမ့်မယ်။

ငွေရေးကြေးရေးအားဖြင့် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း အမြတ်အစွန်းများနှင့် အတူ လုပ်ငန်းခွင်တိုးချဲ့မှုများကိုပါ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း Taurus ရာသီခွင် တို့သည် မိသားစုအတွက် အချိန်ပိုမို ရရှိပါလိမ့်မယ်။ မိသားစုဝင်များ သို့မဟုတ် မိတ်ဆွေ အပေါင်းအသင်းတို့နှင့် ခရီးသွားလာရဖွယ် ရှိနေပါတယ်။

မေထုန်ရာသီခွင် – Gemini ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် ဝမ်းနည်းပူဆွေးမှုကို ခံစားနေရတတ်ပါတယ်။ ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်ခြေ ရှိနေသောကြောင့် သတိထားပေးပါ။

ငွေရေးကြေးရေးအရ အနည်းငယ် ကျပ်တည်းနေတတ်ပါတယ်။ အထူးသဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် ငွေကြေး ပိုမိုသုံးစွဲရတတ်ပါတယ်။ ငွေကြေး ချေးငှားမှုတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။

ဤကာလအတွင်း Gemini ရာသီခွင်တို့သည် အိမ်တွင်းရေး ပြဿနာများနှက့် ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် အိမ်သူအိမ်သားများနှင့် စကားစမြည် ပြောဆိုရာတွင် မိမိ၏ သဘောထားကို မှန်ကန်စွာ ပြသရန် လိုအပ်ပါလိမ့်မယ်။

ကရကဋ်ရာသီခွင် – Cancer ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေး အတက်အကျတို့နှင့် ကြုံတွေ့ရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကြောင့် ကျန်းမာရေး ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ညံ့ဖျင်းနေတတ်ပါတယ်။ ငွေကြေး ပြဿနာ၊ အခက်အခဲ တစ်မျိုးပီး တစ်မျိုး ကြုံတွေ့ရတတ်ပါတယ်။ ငွေကြေး စုဆောင်းမှုများ ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဤကာလအတွင်း Cancer ရာသီခွင်တို့သည် မိသားစုဝင်များနှင့် အတူ ပျော်ရွှင်စရာ အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါမယ်။ အထူးသဖြင့် သီတင်းပတ် နှောင်းပိုင်းတွင် ကြားသိရသော သတင်းကောင်းကြောင့် တစ်မိသားစုလုံး ပျော်ရွှင်နေရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေနိုင်ပါမယ်။ ဒါကြောင့် မိမိ၏ ကျန်းမာရေး အတွက် အပြည့်အဝ အနားယူပေးပါ။ ဒါ့အပြင် အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးရန် လိုအပ်ပါမယ်။

ငွေကြေး သုံးစွဲမှုနှင့် ပက်သက်၍ ကန့်သတ်မှု ထားရှိပေးပါ။ လုပ်ဖော်ကိုင်ဖက်နှင့် မိသားစုဝင်တို့၏ ပံ့ပိုးကူညီမှုကို ရယူကာ စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်ပါ။

မိသားစု ဘဝအတွင်း ငြိမ်းချမ်းမှု ရှိနေပါမယ်။ အခြားသူများ အပေါ် မိမိ၏ သဘောထားကို သိရှိအောင် ပြုလုပ်ပီးမှသာ မည်သည့် ဆုံးဖြတ်မဆို ချမှတ်ပါ။

·
ကန်ရာသီခွင် – Virgo ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် အလုပ်ချိနှ်နှင့် အနားယူချိန်ကြား မျှတမှုရှိအောင် ကြိုးစားပေးရပါမယ်။ ကံတရားသည် ကောင်းမွန်သော‌ အနေအထားတွင် ရှိနေသောကြောင့် ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ တည်ငြိမ်ပြီး တက်ကြွနေပါလိမ့်မယ်။

ဒါ့အပြင် စားသောက်မှုနှင့် ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။ ယခုအပတ်တွင် ငွေကြေး အကုန်အကျ များနေပါမယ်။ အထူးသဖြင့် မိသားစု၏ ကျန်းမာရေးအတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။ သို့သော် မိသားစုဝင်များ အကြား ဆက်ဆံရေးကို တိုးတက်စေနိုင်ပါတယ်။

ဤကာလအတွင်း အိမ်နှင့် ဝေးကွာနေကြသော Virgo ရာသီခွင်တို့သည် အထီးကျန်မှုကို ခံစားရနိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင်း တစ်ဦးတစ်ယောက်တည်း အထီးကျန်မှုနှင့် ပိတ်လှောင်မနေဘဲ သူငယ်ချင်း၊ အပေါင်းအသင်းတို့နှင့် အချိန်ကုန်ဆုံးပါ။

တူရာသီခွင် – Libra ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် ခရီးထွက်ရတတ်ပါတယ်။ ကျန်မာရေးအရ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။

ငွေကြေးအားဖြင့် ကံတရား၏ အထောက်အပံ့ကို ရရှိနိုင်ပါမယ်။ ဝင်ငွေ တိုးတက်မှုအပြင် ‌လိုအပ်သော ငွေကြေး ထောက်ပံ့မှုတို့ကိုပါ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ပေါ်ပေါက်လာတတ်ပါတယ်။ အကယ်၍ မိသားစုဝင်ထဲမှ ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေရပါက သက်သာလာနိုင်ခြေ ရှိနေပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( October 23 to October 29 )
===============================================

ယခုအပတ်သည် Scorpio ရာသီခွင်များအတွက် စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိလွယ်ရှလွယ်သော အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ အခြားသူများနှင့် စကားပြောဆိုရာတွင်လည်း အနည်းငယ် ချီတုံချတုံ ဖြစ်နေတတ်ပါတယ်။ အတိတ်ကာလ မွန်းကျပ်မှုများကြားတွင် ပိတ်လှောင်မနေဘဲ ဘဝသစ် တစ်ခုကို စတင်ပါ။

ငွေရေးကြေးရေးအားဖြင့် အသင့်အတင့် လည်ပတ်နေပါမယ်။ သို့သော် လိုအပ်သည်ထက် ပို၍ အထွက်ငွေ ကြမ်းနေတတ်ပါတယ်။ ဒဏ်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့သည် မိသားစုဝင်များနှင့် အခါအားလျော်စွာ ကောင်းမွန်စွာ ဆက်ဆံပေးရပါမယ်။ မိမိ၏ မိသားစုဘဝအတွက် အချိန်ပေးပါ။ ကလေးငယ် ရှိကြသူများ အနေနှင့် ပညာရေး လမ်းကြောင်းကို အသေချာ ထိန်းကြောင်းပေးရန် လိုအပ်ပါလိမ့်မယ်။

ဓနုရာသီခွင် – Sagittarius ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ စိုးရိမ်စရာ မလိုအပ်ပေ။ သို့သော် နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီး မှန်ကန်သော အစားအသောက်ကို စားသောက်ရန် အကြံပြုလိုပါတယ်။

ဤကာလအတွင်း မိမိလုပ်ဆောင်နိုင်သည်ထက် ပို၍ တာဝန်များကို လက်မခံပါနှင့်။ မဟုတ်ပါက အဘက်ဘက်မှ ဖိအားတို့ကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေပါမယ်။ ပုံမှန်ထက် သာလွန်သော ငွေကြေး အကျိုးအမြတ်များ ရရှိတတ်ပါတယ်။ ကြွေးဟောင်းကြွေးမှီများ ပြန်လည် ရရှိဖွယ် ရှ‌ိနေပါတယ်။

ဤကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန်အပြင် မိသားစုဝင်များ၏ လိုအပ်ချက်များကို ဦးစားပေး လုပ်ဆောင်ပါ။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများကို အတူမျှဝေ ခံစားပေးရပါမယ်။

မကာရရာသီခွင် – Capricorn ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတို့ကြောင့် ပင်းပန်းနွမ်းနယ် နေနိုင်ပါမယ်။ အရာရာကို အလိုမကျကာ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ ဒါကြောင့် အလုံအလောက် အနားယူခြင်း၊ တရားထိုင်ခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ယခင်ထက် ပိုမိုကောင်းမွန်လာပါမယ်။ သို့သော် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် လုပ်ငန်းသစ်များ စတင် လုပ်ဆောင်ရန် လိုပါက အနည်းငယ် စောင့်ဆိုင်းပေးပါ။

ဤကာလအတွင်း မိသားစုဘဝတွင် အေးချမ်းမှု ရရှိအောင် ကြိုးစားပေးရပါမယ်။ မိသားစုဝင်များနှင့် အငြင်းအခုံဖြစ်ခြင်းတို့ကို ရှောင်ကြဥ် ပေးရပါမယ်။ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာပါ။

ကုမ်ရာသီခွင် – Aquarius ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ ယခင် ခံစားနေရသော ရောဂါဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။ သို့သော် အစာမကြေခြင်း စသော ဝေဒနာဖြစ်ပေါ်နိုင်ဖွယ် ရှိနေသောကြောင့် အစားအစာများကို အချိနိမှန် စားသုံးပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရား၏ အားပေးထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ မိမိမျှော်မှန်းထားသည်ထက် ပိုသော အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် အတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ အပိုဝင်ငွေများလည်း ရရှိနိုင်ပါမယ်။

ဤကာလအတွင်း မည်သည့် အိမ်တွင်းရေးရာ ကိစ္စရပ်တွင်မဆို ဆုံးဖြတ်ချက်မချခင် မိသားစုဝင်တို့၏ သဘောထားကို သိရှိအောင် ပြုလုပ်ပေးပါ။ အိမ်ရှိ သက်ကြီးရွယ်အိုများ၏ အကြံပြချက်များကို ရယူပေးပါ။

မိန်ရာသီခွင် – Pisces ( October 23 to October 29 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားကောင်းနေပါမယ်။ မိမိကိုယ် မိမိ ယုံကြည်မှုရှိစွာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါမယ်။

သို့သော် Pisces ရာသီခွင် အမျိုးသမီးများ အနေနှင့် ငွေရေးကြေးရေးကိစ္စများပြုလုပ်ရာတွင် ဂရုစိုက်ပေးရပါမယ်။ ငွေကြေး တောင်းဆိုမှုများနှင့် ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ၊ ငြိမ်းချမ်းမှုများနှင့် ပြည့်နှက်နေပါမယ်။ မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာနေရာ သို့မဟုတ် ဆွေမျိုးများ၏ နေရာဒေသကို သွားရောက် လည်ပတ်နိုင်ပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။