ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီဖြစ်တဲ့ တရုတ်ထိပ်တန်းမင်းသမီးအလှဘုရင်မကျန်းဇီယီ

Celebrity International News
ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီဖြစ်တဲ့ တရုတ်ထိပ်တန်းမင်းသမီးအလှဘုရင်မကျန်းဇီယီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီဖြစ်တဲ့ တရုတ်ထိပ်တန်းမင်းသမီးအလှဘုရင်မကျန်းဇီယီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီဖြစ်တဲ့ တရုတ်ထိပ်တန်းမင်းသမီးအလှဘုရင်မကျန်းဇီယီ

တရုတ်ထိပ်တန်းမင်းသမီးစာရင်းဝင် ကျန်းဇီယီဟာ ခင်ပွန်းဖြစ်သူ ဂီတပညာရှင် ဝမ့်ဖန်းနဲ့ ကွာရှင်းလိုက်ပါပြီ။ အသက် ၄၄ နှစ်အရွယ် ကျန်းဇီယီနဲ့ အသက် ၅၂ နှစ် အရွယ်ဝမ့်ဖန်းတို့စုံတွဲက ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ ကွာရှင်းပြတ်စဲကြောင်းကြေညာချက်ကို အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“သေချာစဉ်းစားဆွေးနွေးပြီးတဲ့နောက်မှာတော့ ၈ နှစ်ကြာအိမ်ထောင်ရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကလေးတွေကို ပြုစုပျိုးထောင်ပေးမယ့် မိသားစုဝင်တွေအဖြစ် ဆက်လက်ရှိနေမှာပါ။ ကလေးတွေ မှီခိုအားထားလို့ရမယ့် မိဘတွေအဖြစ် ဆက်လက်ရပ်တည်ပေးသွားမှာပါ။ သာယာတဲ့အိမ်ထောင်ရေးရှိခဲ့ကြပါတယ်။

ဒီ ၈ နှစ်အတွင်း မိသားစုကို ပြုစုစောင့်ရှောက်ဖို့နဲ့ ကလေးတွေကို ပျိုးထောင်ဖို့ အတူတကွလုပ်ဆောင်ခဲ့ပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာတွေ သွန်းလောင်းခဲ့ပါတယ်။ ကျွန်မတို့ကြား ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်လို့ ငြင်းခုံစရာမရှိပါဘူး။ ပြတ်စဲတာက စိတ်ပျက်စရာ (သို့) သစ္စာဖောက်မှုကြောင့်မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားလူနှစ်ယောက်ကြား အပြန်အလှန်ဆုံးဖြတ်ချက်တစ်ခုပါ။ လူတိုင်းရဲ့နားလည်မှုနဲ့ ပံ့ပိုးမှုတွေ ရရှိဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

သူတို့ကွာရှင်းမှုက သူတို့ရဲ့ကလေးတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို ထိခိုက်စေမှာမဟုတ်ကြောင်း၊ ဒီကိစ္စကို ဆက်လက်ဖြေရှင်းမှာမဟုတ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။ ကျန်းဇီယီက ဝမ့်ဖန်းရဲ့တတိယအိမ်ထောင်ပါ။ ဝမ့်ဖန်းနဲ့ ကျန်းဇီယီတို့မှာ ၈ နှစ်အရွယ် သမီးလေးတစ်ယောက်နဲ့ ၃ နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။