ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူတွေက မိုနာလီဆာပန်းချီကားကို ဟင်းရည်နဲ့ ပက်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့

International News
ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူတွေက မိုနာလီဆာပန်းချီကားကို ဟင်းရည်နဲ့ ပက်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့

ပဲရစ်မြို့က Louvre ပြတိုက်မှာ ထားရှိတဲ့ နာမည်ကျော်မိုနာလီဆာပန်းချီကားကို တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ် ထပ်ပြီးဖြစ်ခဲ့ပါတယ်။ အခုတစ်ခေါက်ကတော့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေဆီကနေပါ။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ၂ ဦးက ပန်းချီကားနဲ့ အနီးကပ်သွားဖို့ လုံခြုံရေးအတားအဆီးတွေကို ချိုးဖျက်ခဲ့ပြီးတော့ ပန်းချီကားသွင်းထားတဲ့ မှန်ဘောင်ပေါ် ရွှေဖရုံသီးဟင်းရည်တွေ ပက်ပစ်ခဲ့တာပါ။

အခုလိုလုပ်ရပ်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Riposte Alimentaire က တာဝန်ရှိပြီး ဒီလှုပ်ရှားမှုနဲ့ဆက်နွယ်တဲ့ ဆန္ဒပြသူ ၂ ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ “ဘာက ပိုအရေးကြီးတာလဲ…အနုပညာ (သို့) ကျန်းမာရေးနဲ့ညီညွှတ်ပြီး ရေရှည်တည်တံ့တဲ့ အစားအသောက်စနစ်ရှိဖို့ အခွင့်အရေးလား”လို့ တက်ကြွလှုပ်ရှားသူတွေက အော်ဟစ်ခဲ့ကြကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ပြီးတဲ့နောက်မှာ မိုနာလီဆာပန်းချီကားကို Salle des Etats အခန်းထဲ ရွှေ့ပြောင်းခဲ့ပါတယ်။ နောက်ပိုင်းကျမှ အများပြည်သူတွေအတွက် ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ “ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်မှာ ‘Riposte Alimentaire’ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က တက်ကြွလှုပ်ရှားသူ ၂ ဦးက မိုနာလီဆာပန်းချီကားကို ကာကွယ်ထားတဲ့ မှန်ဘောင်ပေါ် ရွှေဖရုံသီးဟင်းရည်တွေ ပက်ခဲ့တယ်”လို့ ပြတိုက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပြုအမူအတွက် Louvre ရဲ့လုံခြုံရေးဝန်ထမ်းတွေက ချက်ချင်းတားဆီးဆောင်ရွက်ခဲ့ပြီး တိုင်ကြားစာတင်ထားတယ်လို့ ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။