ကလေးတွေကို မိဘကိုယ်တိုင် စံနမူနာပြပြီး သင်ကြားပေးဖို့လိုအပ်တဲ့အရာများ

Knowledge
ကလေးတွေကို မိဘကိုယ်တိုင် စံနမူနာပြပြီး သင်ကြားပေးဖို့လိုအပ်တဲ့အရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးတွေကို မိဘကိုယ်တိုင် စံနမူနာပြပြီး သင်ကြားပေးဖို့လိုအပ်တဲ့အရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေးတွေကို မိဘကိုယ်တိုင် စံနမူနာပြပြီး သင်ကြားပေးဖို့လိုအပ်တဲ့အရာများ

ကလေးတွေက အတုမြင်၊ အတတ်သင်တတ်တယ်ဆိုတဲ့အချက်ကို လူတိုင်းသိကြပါတယ်။ ငယ်ရွယ်တုန်းမှာ သူတို့မြင်တဲ့အရာတွေ၊ စူးစမ်းတွေ့ရှိတဲ့အရာတွေကို အရမ်းအတုခိုးတတ်ကြပါတယ်။ သူတို့ရဲ့ငယ်ရွယ်နုနယ်တဲ့စိတ်က ရွံ့စေးလို့ပါပဲ။ သူတို့လေးတွေ ငယ်ရွယ်နေတုန်းမှာ သင် လိုချင်သလို ပုံသွင်းလို့ရပါတယ်။

ဒါကြောင့်မို့ ကလေးတွေကို ငယ်ငယ်လေးကတည်းကနေ အလေ့အကျင့်ကောင်းတွေကို သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကောင်းတဲ့လူတစ်ယောက်ဖြစ်ရတာ ဘယ်လောက်အရေးကြီးလဲဆိုတာကို ကလေးတွေ နားလည်သဘောပေါက်အောင် သာဓကပေးကာ သင်ကြားပေးလို့ရပါတယ်။

ကလေးနားလည်သဘောပေါက်ဖို့အတွက် မိဘကိုယ်တိုင်သင်ကြားပေးရသလို မိဘကိုယ်တိုင်ကလည်း စံနမူနာကောင်းဖြစ်ဖို့လိုအပ်ပါတယ်။ ကလေးတွေကို သာဓကပြပြီး သင်ကြားပေးဖို့လိုအပ်တဲ့အရာတွေကိုလည်း သိထားသင့်ပါတယ်။ အဲဒါတွေကတော့

ကျေးဇူးတရားရဲ့အရေးပါမှု

တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ကျေးဇူးတင်တာ၊ ဆုတောင်းမေတ္တာပို့သပေးတာကလည်း ကလေးတွေကို စံနာမူနာပြပြီး သင်ကြားပေးလို့ရတဲ့ အကောင်းဆုံးနည်းပါပဲ။ အစားအစာစားရင်ပဲဖြစ်ဖြစ် ကောင်းတဲ့နေ့ရက်ကို ပိုင်ဆိုင်ရရင်ပဲဖြစ်ဖြစ် ကျေးဇူးတင်စကားဆိုပါ။ ကျေးဇူးတင်စကားဆိုတာ၊ ထုတ်ပြောတာကို ဓလေ့တစ်ခုလို့ သတ်မှတ်ထားပြီး သင့်နဲ့အတူ သင့်ကလေးတွေကို အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ နေ့တိုင်း မိဘကိုယ်တိုင်က ကျေးဇူးတင်စကားထုတ်ပြောသင့်သလို ကလေးကိုလည်း အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် ကလေးနဲ့သင့်ကိုလည်း ပိုပြီးရင်းနှီးသွားစေတဲ့အပြင် ကလေးတွေကိုလည်း ကျေးဇူးတင်စကားရဲ့အရေးပါမှုကိုလည်း နားလည်သွားစေပါလိမ့်မယ်။

တန်းတူညီမျှမှု

ကျားမတန်းတူညီမျှစွာ ဘယ်လိုဆက်ဆံရမယ်ဆိုတာကို ကလေးတွေကို သင်ကြားပေးပါ။ အိမ်မှာ အနည်းငယ်အပြောင်းအလဲလုပ်ပြီး သင်ပေးလို့ရပါတယ်။ အိမ်မှုကိစ္စတွေကို သင့်သားနဲ့ သမီးကို ညီမျှစွာ ခွဲဝေလုပ်ခိုင်းကြည့်ပါ။ ဒီလိုလုပ်ခိုင်းမယ်ဆိုရင် ဘယ်သူကမှ ပိုသာအောင်၊ ပိုများအောင်မလုပ်ရဘူးဆိုတာနဲ့ တန်းတူညီမျှစွာ ဆက်ဆံခံရမယ်ဆိုတာကို နားလည်သွားမှာဖြစ်ပါတယ်။

ရိုသေလေးစားမှုနဲ့ ယဉ်ကျေးပျူဌာမှု

မိဘကိုယ်တိုင်က ဒေါသထွက်ပြီးပြောဆိုတတ်ရင်း သင့်ကလေးရဲ့အပြုအမူကလည်း အဲဒီလိုဖြစ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ သင် ပြောတဲ့ပုံစံ၊ ပြုမူတဲ့ပုံစံတွေကို သင့်ကလေးက အတုခိုးတတ်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်က ကလေးတွေအတွက် စံနမူနာကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။ ကလေးတွေရဲ့ စံနမူနာကောင်းဖြစ်ဖို့အတွက် သင့်အနီးနားက လူတိုင်းကို ယဉ်ကျေးပျူဌာစွာ ပြောဆိုပြီး လူတန်းစားမရွေး ရိုသေလေးစားမယ်ဆိုရင် သင့်ကလေးက သင့်အတိုင်းလိုက်လုပ်မှာဖြစ်တဲ့အတွက် သင့်ကလေးကိုလည်း ယဉ်ကျေးအောင် သင်ယူပေးသလိုဖြစ်ပါတယ်။ လူတွေအပေါ် ယဉ်ကျေးစွာပြောဆိုဆက်ဆံဖို့နဲ့ ကြီးသူကို ရိုသေ၊ ငယ်သူကိုလေးစားဖို့ကိုလည်း ကလေးနားလည်အောင် ပြောဆိုသင်ကြားပေးဖို့လည်း လိုအပ်ပါတယ်။

အခြားသူတွေကို ကူညီပေးခြင်း

သင့်ကလေးကို အခြားသူတွေကူညီပေးတာနဲ့ ပတ်သက်ပြီးသင်ကြားပေးဖို့အတွက် ကလေးရှေ့မှာ ငွေလှူပြစရာမလိုပါဘူး။ အလှူအတန်းလုပ်တဲ့အခါ ကလေးတွေကို ပါဝင်ကူညီလုပ်ခိုင်းတာအပြင် ပရဟိတအဖွဲ့အစည်းတွေမှာလည်း ပါဝင်ခိုင်းလို့ရပါတယ်။ သင်ကိုယ်တိုင်က ဆင်ရဲချို့တဲ့သူတွေကို ဘယ်လိုကူညီပေးရမလဲဆိုတာကိုတော့ ကလေးတွေမြင်အောင်ပြသင့်ပါတယ်။ ကလေးတွေကိုလည်း ဒုက္ခရောက်နေတဲ့သူတွေကို တက်နိုင်သလောက် ကူညီပေးသင့်တယ်ဆိုတာကို အပြောနဲ့လည်း ပြောဆိုသင်ကြားပေးဖို့လိုပါသေးတယ်။ ကလေးတွေကို ပရဟိတအဖွဲ့အစည်းတွေမှာ ပါဝင်ခိုင်းမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းအတွက် တစ်ခုခုကူညီလုပ်ဆောင်ပေးနေတယ်ဆိုတဲ့ခံစားချက်လည်း သူတို့ရဲ့စိတ်ထဲမှာ ကိန်းအောင်းနေမှာဖြစ်ပါတယ်။

ကဲ…ကလေးတွေ လိမ္မာရေးခြားရှိအောင် သင်ကြားပေးဖို့ဆိုရင် မိဘတွေကိုယ်တိုင်ကလည်း စံနမူနာကောင်းဖြစ်နေဖို့ လိုတယ်နော်..။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။