ဂီတနဲ့ ပရဟိတဆိုင်ရာ အကျိုးသယ်ပိုးမှုတွေကြောင့် ဆုရခဲ့တဲ့ ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ

Celebrity International News
ဂီတနဲ့ ပရဟိတဆိုင်ရာ အကျိုးသယ်ပိုးမှုတွေကြောင့် ဆုရခဲ့တဲ့ ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂီတနဲ့ ပရဟိတဆိုင်ရာ အကျိုးသယ်ပိုးမှုတွေကြောင့် ဆုရခဲ့တဲ့ ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂီတနဲ့ ပရဟိတဆိုင်ရာ အကျိုးသယ်ပိုးမှုတွေကြောင့် ဆုရခဲ့တဲ့ ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ

ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီကတော့ ဂီတဆိုင်ရာ စွမ်းဆောင်မှုနဲ့ ပရဟိတအကျိုး သယ်ပိုးမှုတွေကြောင့် MusiCares Person of the Year ဆု ရရှိတော့မှာပါ။ အသက် ၆၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘွန်ဂျိုဗီဟာ ဒီဆု ဆွတ်ခူးနိုင်တဲ့ ၃၃ ယောက်မြောက် အနုပညာသမား ဖြစ်ပါတယ်။

ဘွန်ဂျိုဗီမတိုင်ခင် Aerosmith ၊ ဒေါ်လီပါတန်၊ ပေါလ်မက္ကာနေး၊ ဘော့ဒိုင်လန်၊ အယ်လ်တန်ဂျွန်၊ ဘိုနို အစရှိတဲ့ ဂီတကြယ်ပွင့်တွေလည်း ဒီဆု ဆွတ်ခူးခဲ့ဖူးပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကျရင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကွန်ဗန်းရှင်းစင်တာမှာ MusiCares Person of the Year ဆု ပေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

Jon Bon Jovi to be honored for humanitarian work

” ရော့ခ်အန်ရိုးအတွက် ဘွန်ဂျိုဗီရဲ့ ပံ့ပိုးမှုတွေဟာ ဂီတလောကတစ်ခုလုံးအတွက် စွဲမြဲထင်ရှားတဲ့ အမှတ်အသားချန်ခဲ့ရုံသာမက ကမ္ဘာတစ်ဝန်းက မရေတွက်နိုင်တဲ့ ပရိသတ်တွေရဲ့ နှလုံးသားမှာပါ ကမ္ဗည်းထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက အစားအစာဖူလုံရေး၊ အိမ်ခြေရာမဲ့ ပြဿနာတွေကို ပါဝင်ဖြေရှင်းဖို့လည်း တစိုက်မတ်မတ် ကြိုးစားခဲ့သူပါ။ သူ ဆုရတဲ့အကြောင်း ကြေညာရတာ တကယ့်ကို ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ MusiCares ရဲ့ အမှုဆောင်ဒါရိုက်တာ ဆီဂူရာက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။