အသက် ၂၅ နှစ်အရွယ်မော်ဒယ်နဲ့ တွဲနေပြန်တဲ့ လီယိုနာဒို ဒီကာပရိယို

Celebrity International News
အသက် ၂၅ နှစ်အရွယ်မော်ဒယ်နဲ့ တွဲနေပြန်တဲ့ လီယိုနာဒို ဒီကာပရိယို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် ၂၅ နှစ်အရွယ်မော်ဒယ်နဲ့ တွဲနေပြန်တဲ့ လီယိုနာဒို ဒီကာပရိယို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်မော်ဒယ်နဲ့ တွဲနေပြန်တဲ့ လီယိုနာဒို ဒီကာပရိယို

တိုက်တန်းနစ်မင်းသားကြီး လီယိုနာဒို ဒီကာပရိယိုဟာ ငယ်ရွယ်တဲ့ကောင်မလေးတွေကိုပဲ တွဲတယ်ဆိုတာ လူတိုင်းအသိပါပဲ။ လက်ရှိမှာလည်း အော်စကာဆုရှင် လီယိုနာဒိုက အသက် ၂၅ နှစ်အရွယ် အီတလီမော်ဒယ် ဗီတိုရီယာ ဆီရက်တီနဲ့ တွဲနေပါတယ်။ အဲဒီမော်ဒယ်က လီယိုနာဒိုပါဝင်ခဲ့တဲ့ တိုက်တန်းနစ်ဇာတ်ကားထွက်ရှိခဲ့တဲ့အချိန်မှာတောင် မမွေးသေးပါဘူး။

သူတို့စုံတွဲက West Hollywood ရဲ့ဆင်ခြေဖုံးက ဟော်လိုဝင်းပါတီပွဲကို တက်ရောက်ခဲ့ကြပြီးနှစ်ယောက်သားပွေ့ဖက်နေတာကိုလည်း မြင်တွေ့ခဲ့ရတာပါ။ လူမှုကွန်ယက်မှာ အဲဒီဓာတ်ပုံတွေ ပျံ့နှံ့လာတဲ့အချိန် သူတို့စုံတွဲကြား ၂၃ နှစ်ကွာခြားမှုကို နောက်ပြောင်ပြောဆိုခဲ့ကြပါတယ်။

အရင်က လီယိုနာဒိုဟာ ဂျီဂျီဟာဒစ်အပါအဝင် မော်ဒယ်တော်တော်များများနဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ မော်ဒယ် ကမီလာ မော်ရုန်းနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ လီယိုနာဒိုက အသက် ၂၅ နှစ်အောက် ကောင်မလေးတွေကိုပဲ တွဲတယ်ဆိုတဲ့ အကြောင်း လူပြောစရာဖြစ်လာခဲ့တာပါ။ လီယိုနာဒိုက ကမီလာရဲ့အသက် ၂၀ မှာ တွဲခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်ပြည့်မြောက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ လမ်းခွဲခဲ့ကြတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။