စိတ်ဆိုးပြေအောင် ဒါလေးဆောင်

Astrology
စိတ်ဆိုးပြေအောင် ဒါလေးဆောင်

တနင်္ဂနွေသားသမီးတစ်ဦးဦးက မိမိကိုစိတ်ဆိုးနေပါက
၎င်းမှ အမြန်စိတ်ဆိုးပြေစေရန်

တနင်္ဂနွေ၏ လေးခုမြောက် စတုရန်း ဗုဒ္ဓဟူးနံ (ရ ယ လ ၀ ) အသားဖြစ်သော လင်းလွန်း (သို့မဟုတ် ) ဝါး (သို့မဟုတ် ) ရဲယို သားကို
မိမိလက်နှင့် လက်တညိုးခန့် ဆောင်ထားခြင်း ၊ ၎င်းအသားကိုကိုင်ပြီး ဆုတောင်းခြင်းအားဖြင့် စိတ်ဆိုးပြေစေ၏။
.
တနင်္လာသားသမီးတစ်ဦးဦးက မိမိကိုစိတ်ဆိုးနေပါက
၎င်းမှ အမြန်စိတ်ဆိုးပြေစေရန်

တနင်္လာ၏ လေးခုမြောက် စတုရန်း ကြာသပတေးနံ (ပ ဖ ဗ ဘ မ ) အသားဖြစ်သော ပျဉ်း မ (သို့မဟုတ် ) ပိတောက် သားကို
မိမိလက်နှင့် လက်တညှိုးခန့် ဆောင်ထားခြင်း ၊ ၎င်းအသားကိုကိုင်ပြီး ဆုတောင်းခြင်းအားဖြင့် စိတ်ဆိုးပြေစေ၏။
.
အင်္ဂါသားသမီးတစ်ဦးဦးက မိမိကိုစိတ်ဆိုးနေပါက
၎င်းမှ အမြန်စိတ်ဆိုးပြေစေရန်

အင်္ဂါ၏ လေးခုမြောက် စတုရန်း သောကြာ (သ ဟ ) အသားဖြစ်သော သပြေ (သို့မဟုတ် ) သီဟို (သို့မဟုတ် ) သရက် သားကို
မိမိလက်နှင့် လက်တညှိုးခန့် ဆောင်ထားခြင်း ၊ ၎င်းအသားကိုကိုင်ပြီး ဆုတောင်းခြင်းအားဖြင့် စိတ်ဆိုးပြေစေ၏။
.
ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးက မိမိကိုစိတ်ဆိုးနေပါက
၎င်းမှ အမြန်စိတ်ဆိုးပြေစေရန်

ဗုဒ္ဓဟူး၏ လေးခုမြောက် စတုရန်း စနေနံ ( တ ထ ဒ ဓ န ) အသားဖြစ်သော ထိန် (သို့မဟုတ် ) ထန်း သားကို
မိမိလက်နှင့် လက်တညှိုးခန့် ဆောင်ထားခြင်း ၊ ၎င်းအသားကိုကိုင်ပြီး ဆုတောင်းခြင်းအားဖြင့် စိတ်ဆိုးပြေစေ၏။
.
ကြာသပတေးသားသမီးတစ်ဦးဦးက မိမိကိုစိတ်ဆိုးနေပါက
၎င်းမှ အမြန်စိတ်ဆိုးပြေစေရန်

ကြာသပတေး၏ လေးခုမြောက် စတုရန်း တနင်္ဂနွေ ( အ ဥ ) အသားဖြစ်သော အုန်း (သို့မဟုတ် ) ဥန္တွဲ (သို့မဟုတ် ) အင် သားကို
မိမိလက်နှင့် လက်တညှိုးခန့် ဆောင်ထားခြင်း ၊ ၎င်းအသားကိုကိုင်ပြီး ဆုတောင်းခြင်းအားဖြင့် စိတ်ဆိုးပြေစေ၏။
.
သောကြာသားသမီးတစ်ဦးဦးက မိမိကိုစိတ်ဆိုးနေပါက
၎င်းမှ အမြန်စိတ်ဆိုးပြေစေရန်

သောကြာ၏ လေးခုမြောက် စတုရန်း တနင်္လာနံ ( က ခ ဂ ဃ င ) အသားဖြစ်သော ကျွန်း (သို့မဟုတ် ) ကံ့ကော် (သို့မဟုတ် ) ခရေ (သို့မဟုတ် ) ကုက္ကို သားကို
မိမိလက်နှင့် လက်တညှိုးခန့် ဆောင်ထားခြင်း ၊ ၎င်းအသားကိုကိုင်ပြီး ဆုတောင်းခြင်းအားဖြင့် စိတ်ဆိုးပြေစေ၏။
.
စနေသားသမီးတစ်ဦးဦးက မိမိကိုစိတ်ဆိုးနေပါက
၎င်းမှ အမြန်စိတ်ဆိုးပြေစေရန်

စနေ၏ လေးခုမြောက် စတုရန်း အင်္ဂါနံ ( စ ဆ ဇ ဈ ည ) အသားဖြစ်သော ဇီး (သို့မဟုတ် ) ညောင် သားကို
မိမိလက်နှင့် လက်တညှိုးခန့် ဆောင်ထားခြင်း ၊ ၎င်းအသားကိုကိုင်ပြီး ဆုတောင်းခြင်းအားဖြင့် စိတ်ဆိုးပြေစေ၏။
.
(၂၀၂၃ ခုနှစ်တွင် မှတ်တမ်းတင် ပြုစုရေးသားအပ်သော အရေးကြုံလျှင် အသုံးပြုနိုင်မည့် ” အင်္ဂဝိဇ္ဇာ ယတြာများ ” မှတ်စုစာအုပ်မှ )
.

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။