ဂါဇာထဲမှာ တိုက်ပွဲ ပြင်းထန်၊ ဆေးရုံတွေ ဗုံးသင့်

International News
ဂါဇာထဲမှာ တိုက်ပွဲ ပြင်းထန်၊ ဆေးရုံတွေ ဗုံးသင့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂါဇာထဲမှာ တိုက်ပွဲ ပြင်းထန်၊ ဆေးရုံတွေ ဗုံးသင့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂါဇာထဲမှာ တိုက်ပွဲ ပြင်းထန်၊ ဆေးရုံတွေ ဗုံးသင့်

အစ္စရေးတင့်ကားတွေကို တင့်ကားဖျက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟားမတ်စ် ပြော

ဂါဇာဒေသက ဟားမတ်စ် ပစ်မှတ်တွေအားလုံးနဲ့ လက်ဘနွန်က ဟစ်ဇဘိုလာပစ်မှတ်တွေကို ထိအောင် ပစ်နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

သူတို့စစ်တပ်ဟာ ဟားမတ်စ်ကို ချေမှုန်းနေပြီး ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ဂါဇာက နေရာပေါင်း ၃၀၀ လောက်ကို ပစ်ခတ်နိုင်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

ဟားမတ်စ်ကလည်း သူတို့ တိုက်ခိုက်ရေးသမားတွေက အစ္စရေးတင့်ကားတွေကို တင့်ကားဖျက် ဒုံးကျည်တွေနဲ့ ပစ်နိုင်ခဲ့သလို ဂါဇာ တောင်နဲ့ မြောက်က အစ္စရေး တပ်ဖွဲ့တွေကို စက်thayနတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ပါလက်စတိုင်း လခြမ်းနီ အဖွဲ့ကတော့ ဂါဇာစီးတီးက အယ်ကွက်ဒ် ဆေးရုံတဝိုက် ဗုံးကြဲခံနေရတယ်လို့ ဆိုပါတယ်။

စာနာမှု အကူအညီ

ဂါဇာထဲကို စာနာမှု အကူအညီတင်ထားတဲ့ ထရပ်ကားတွေ တိုးမြှင့်ဝင်ရောက်နိုင်ပြီး တနေ့ အစီး ၁၀၀ မကြာခင် ပြန်ဝင်ခွင့်ရနိုင်လိမ့်မယ်လို့ အမေရိကန်က ပြောပါတယ်။

လူသားချင်း စာနာမှု အကူအညီပေးရေး လမ်းကြောင်းတွေ ဖန်တီးရေး အမေရိကန်က ထောက်ခံပြီး ဒီကိစ္စ အစ္စရေးနဲ့ ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

နောက်ထပ် ထရပ်ကား အစီး ၆၀ ရာဖာဂိတ်ကနေ ဂါဇာထဲ ဝင်ရောက်ဖို့ အစ္စရေးရဲ့ နစ်ဇာနာ ဂိတ်မှာ စစ်ဆေးခံနေတယ်လို့ အီဂျစ်က ဆိုပါတယ်။

အဲဒီ ထရပ်ကား အစီး ၆၀ ထဲမှာ ၂၆ စီးကိုသာ မနေ့ တနင်္လာနေ့က ဝင်ခွင့်ပြုထားပြီး အစီး ၈၀ကို ဒီနေ့ ဝင်ခွင့်ပြုမယ်လို့ အစ္စရေးက ပြောပါတယ်။

ဂါဇာထဲက အခြေအနေဟာ thayရေးရှင်ရေး တမျှ အရေးတကြီး ဖြစ်နေတယ်လို့ မနေ့ညကကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ ကုလအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

အီဂျစ်ဘက်က တပ်လှန့်ထား

ဂါဇာက ပါလက်စတိုင်းတွေကို အီဂျစ်က ဆိုင်းနိုင်းကျွန်းကို ရွှေ့ပေးသင့်တယ်ဆိုတဲ့ အစီအစဉ်ကို အီဂျစ် ဝန်ကြီးချုပ် မူစတာဖာ မက်ဒ်ဘိုလီက ပယ်ချလိုက်ပါတယ်။

ပါလက်စတိုင်း အရေးဖြေရှင်းဖို့ အီဂျစ် နယ်မြေကို အသုံးချမယ့် ကိစ္စကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ မစ္စတာ မက်ဘိုလီက သတင်းစာ ရှင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

သူတို့ တပ်ဖွဲ့တွေကိုလည်း အရှေ့ဘက် နယ်စပ် ကာကွယ်ဖို့နဲ့ အမျိုးသား လုံခြုံရေးတို့ အတွက် တပ်လှန့်ထားတယ်လို့ အီဂျစ် စစ်တပ် ဒုတိယ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး မိုဟာမက် ရာဘီက ပြောပါတယ်။

ဂါဇာပဋိပက္ခအတွင်း သတင်းသမား thayဆုံးမှု

ဂါဇာမှာ လွန်ခဲ့တဲ့ ၃ပတ် ပဋိပက္ခ စဖြစ်ကတည်းက အသက်ပေးခဲ့ရတဲ့ သတင်းထောက် အနည်းဆုံး ၃၁ ယောက် ရှိပါပြီ။

နှစ် ၃၀ ကျော် ကာလအတွင်း လက်ရှိ ပဋိပက္ခမှာ သတင်းသမား အများဆုံး thayရတာပဲလို့ အမေရိကန် အခြေစိုက် သတင်းသမားများ ကာကွယ်ရေး ကော်မတီက ပြောပါတယ်။

အသက်ဆုံးရှုံးရတဲ့ သတင်းထောက်တွေထဲ ပါလက်စတိုင်း ၂၆ ယောက်နဲ့ အစ္စရေး ၃ ယောက်နဲ့ လက်ဘနွန်က ၁ ယောက်တို့ ပါဝင် ပါတယ်။

အခု thayဆုံးသူ အားလုံးဟာ လက်တလော ဂါဇာ ပဋိပက္ခမှာ သတင်းယူရင်း အသက်ပေးခဲ့ရတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစ္စရေးတပ်တွေကတော့ ဂါဇာမှာ မြေပြင် ထိုးစစ်ဆင်နေတယ်လို့ သတင်းမီဒီယာတွေကို ပြောကြား ထားပြီး ပဋိပက္ခ နယ်မြေမှာ သတင်းသမားတွေရဲ့ အသက်န္တရာယ် အာမခံချက် မပေးနိုင်ဘူးလို့ ပြောထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။