ငှက်ပျောသီးကို နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ အနုပညာလက်ရာကို ဗိုက်ဆာနေတဲ့ ကိုရီးယားကျောင်းသားက ခွာစားပစ်ခဲ့

Funny International News
ငှက်ပျောသီးကို နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ အနုပညာလက်ရာကို ဗိုက်ဆာနေတဲ့ ကိုရီးယားကျောင်းသားက ခွာစားပစ်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငှက်ပျောသီးကို နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ အနုပညာလက်ရာကို ဗိုက်ဆာနေတဲ့ ကိုရီးယားကျောင်းသားက ခွာစားပစ်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငှက်ပျောသီးကို နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ အနုပညာလက်ရာကို ဗိုက်ဆာနေတဲ့ ကိုရီးယားကျောင်းသားက ခွာစား ပစ်ခဲ့

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ လီအမ်းအနုပညာပြတိုက်မှာ အီတလီအနုပညာရှင် ကက်တီလန်ရဲ့လက်ရာတစ်ခုအဖြစ် ငှက်ပျောသီးကို နံရံမှာ တိတ်နဲ့ကပ်ပြီး ပြသခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ အနုပညာကျောင်းသားတစ်ယောက်က လီအမ်းပြတိုက်ကို လာကြည့်ရင်း ဗိုက်ဆာလာလို့ဆိုပြီး နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီးကို ခွာစားပစ်ခဲ့ပါတယ်။

ငှက်ပျောသီးကို နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ လက်ရာကို ” လူရွှင်တော်” လို့ အမည်ပေးထားပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဘေဆယ်မိုင်ယာမီ အနုပညာပြပွဲမှာ အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ နဲ့ ရောင်းချခဲ့ရလို့ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ဖူးပါတယ်။

အနုပညာကျောင်းသားက ငှက်ပျောသီးကို ခွာစားပြီး အခွံကိုတော့ နံရံမှာ တိပ်နဲ့ ပြန်ကပ်ပေးထားခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြခန်းဝန်ထမ်းတွေက ငှက်ပျောသီးအသစ်တစ်လုံးနဲ့ အစားထိုးခဲ့ရပါတယ်။ ကက်တီလန်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိပါဘူး။

ရေးသားသူ – yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။