သူ့ကုမ္ပဏီကို ရောင်းပြီး အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ဆောက်လုပ်လှူဒါန်းပေးနေသူ

International News
သူ့ကုမ္ပဏီကို ရောင်းပြီး အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ဆောက်လုပ်လှူဒါန်းပေးနေသူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့ကုမ္ပဏီကို ရောင်းပြီး အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ဆောက်လုပ်လှူဒါန်းပေးနေသူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့ကုမ္ပဏီကို ရောင်းပြီး အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ဆောက်လုပ်လှူဒါန်းပေးနေသူ

ကနေဒါနိုင်ငံက စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့ပတ်ဝန်းကျင်က အိမ်ရာမဲ့အတွက် အိမ်ငယ်လေးတွေ ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဖန်တီးပေးခဲ့ပါတယ်။

ကနေဒါနိုင်ငံ နယူးဘရွန်စဝှစ်မြို့မှာ နေထိုင်တဲ့ မာဆယ်လီဘရန်းဟာ လူမှုကွန်ရက် စောင့်ကြည့်ရေးကုမ္ပဏီပိုင်ရှင်ပါ။ သူက အဲဒီကုမ္ပဏီကို အမေရိကန်နိုင်ငံသား ပြိုင်ဘက်စီးပွားရေးလုပ်ငန်းရှင်ထံ ရောင်းချခဲ့ပြီး ရရှိလာတဲ့ အမြတ်အစွန်းတွေနဲ့ 12 Neighbours စီမံကိန်းကို ဖော်ဆောင်နေတာပါ။

သူဟာ အမေရိကန်ဒေါ်လာ ၄ သန်း ရင်းနှီးမြှုပ်နှံပြီး အိမ်ရာမဲ့တွေအတွက် အိမ်ငယ် ၉၉ လုံး တည်ဆောက်နေတာပါ။ လက်ရှိအချိန်မှာတော့ ၄ ရက်ကို အိမ်ငယ်တစ်လုံးနှုန်း ဆောက်လုပ်လျက်ရှိပြီး ၄ ပုံ၊ ၃ ပုံအထိ ပြီးစီးနေပါပြီ။ မာဆယ်လီဘရန့်ရဲ့ စီမံကိန်းကို အားပေးထောက်ခံကြတဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တွေက ငွေကြေး ထုတ်ပေးခဲ့တာကြောင့် ရန်ပုံငွေ ဒေါ်လာ ၁၂ သန်းအထိ ရရှိခဲ့ပါတယ်။
သူဟာ 12 Neighbours အရပ်မှာ နေထိုင်သူ အိမ်ရာမဲ့တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းပါ စီစဉ်ထားပြီး ကော်ဖီဆိုင်နဲ့ အင်္ကျီတံဆိပ်ရိုက် လုပ်ငန်းတွေ တည်ထောင်ပေးဖို့ ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။