မော်ဒယ်တွေအဖြစ် မီးသတ်သမားတွေ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩစတြေးလျပြက္ခဒိန်

International News
မော်ဒယ်တွေအဖြစ် မီးသတ်သမားတွေ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩစတြေးလျပြက္ခဒိန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မော်ဒယ်တွေအဖြစ် မီးသတ်သမားတွေ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩစတြေးလျပြက္ခဒိန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မော်ဒယ်တွေအဖြစ် မီးသတ်သမားတွေ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩစတြေးလျပြက္ခဒိန်

မီးသတ်သမားတွေ ပါဝင်ရိုက်ကူးထားတဲ့ The Australian Firefighters Calendar ကို ၁၉၉၃ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာပါ။ တိရစ္ဆာန်ဂေဟာနဲ့ ကင်ဆာသုတေသနပရဟိတအဖွဲ့အစည်းအပါအဝင် ဩစတြေးလျအဖွဲ့အစည်းတွေဆီ ပြက္ခဒိန်ရောင်းရငွေတွေကို လှူဒါန်းပေးနေတာပါ။ အခုအချိန်ထိ ပရဟိတအဖွဲ့အစည်းတွေဆီ ဒေါ်လာ ၃.၄ သန်းကျော် လှူဒါန်းပြီးသွားပါပြီ။

ဒီပြက္ခဒိန်က ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းအစားဆုံးတွေထဲက တစ်ခုပါ။ မော်ဒယ်အဖြစ် မီးသတ်သမားတွေ ပါဝင်ထားတဲ့ ပြက္ခဒိန်ကို မြင်တဲ့သူတချို့က မေးခွန်းထုတ်ကြပါတယ်။ သူတို့တွေက တကယ်မီးသတ်သမားတွေလား၊ မော်ဒယ်တွေငှားထားတာလားလို့ မေးကြတာပါ။ ပြက္ခဒိန်မှာ ပါဝင်တဲ့ အမျိုးသားတွေအကုန်လုံးက ၁၀၀ ရာခို်ငနှုန်းအသိအမှတ်ပြုမီးသတ်သမားတွေပါ။

 

အခုနှစ် ပြက္ခဒိန်ရောင်းရငွေတွေကို Byron Bay Wildlife Hospital နဲ့ the Kids with Cancer Foundation လို ပရဟိတအဖွဲ့အစည်းတွေဆီ လှူဒါန်းမှာပါ။ အမေရိကန်နိုင်ငံက Greater Good Charities ရဲ့ Rescue Rebuild ပရိုဂရမ်အတွက်လည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။