ကျောက်ကပ်ရောဂါ အတွက် ဆေးမြီးတို

Health Knowledge
ကျောက်ကပ်ရောဂါ အတွက် ဆေးမြီးတို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်ကပ်ရောဂါ အတွက် ဆေးမြီးတို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါ အတွက် ဆေးမြီးတို

ကျောက်ကပ် ရောဂါနဲ့ ပတ်သက်လို့ စိတ်ညစ် နေကြ သလား။
ပြောင်းဖူးက ထွက်တဲ့ အမွှေးကို သွေ့ခြောက်အောင် အခြောက်ခံပြီး လ္ဘက်ခြောက် လိုမျိုး ရေနွေးထဲ ခပ်သောက်ပါ။ ဒိဌ ပျောက်ကင်း ပါသည်။

သွေ့ခြောက် = နေပူ တိုက်ရိုက် မခံဘဲ နေရိပ် ထဲမှာ ဖြန့်လှမ်း အခြောက်ခံခြင်း ဖြစ်သည်။

(ဆေ:မြီးတိုများ)

ကျန်းမာရေးအတွက် သောက်သုံးသင့်တဲ့ ပြောင်းဖူးမွေး ရေနွေးကြမ်းကိုဘယ်လိုလုပ်မလဲ။ ဘာ့ကြောင့်သောက်သုံးသင့်သလဲ။

ပြောင်းဖူးမွေးဟာ ဆီးချိုကျစေသလို သွေ:ခဲတာကိုလည်းသက်သာစေပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။ ဒါ့ကြောင့် ပြောင်းဖူးပေါ်ချိန်မှာ ပြောင်းဖူး ရေနွေးကြမ်းကို ပြုလုပ်သောက်သုံးသင့်ပါတယ်။ ပြောင်းဖူးမွေးမှာ ပိုတက်ဆီယမ်ဓါတ်တွေကြွယ်၀စွာပါ၀င်ပါတယ်။ ဒါ့ကြောင့် ဆီးသွားတဲ့စနစ်ကိုကောင်းမွန်စေပြီး ဆီးကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်တစ်ခုကတော့…ဘယ်လိုလုပ်မလဲ

ပြောင်းဖူးမွေးထဲက မည်းနေတဲ့ အမွေးတွေကို ဖယ်လိုက်ပါ။ ပြီးရင်အခွံနွာပြီး အထဲက နုတဲ့ အမွေးကိုပဲယူပါ။ ပြီးရင် ရေဆေ:ပြီး သဘက်တစ်ခုခု ပုဝါတစ်ခုခုပေါ် တင်လိုက်ပါ။ စာရွက် သတင်းစာ တစ်ခုခုကို အသုံးပြုလို့လည်း ရပါတယ်။ ပြီးရင် အခြောက်ခံပါ။ တစ်ပတ် (သို့) ၂ ပတ်လောက် ကြာနိုင်ပါတယ်။ ပြီးရင်အညိုရောင်လေးဖြစ်လာပါလိမ့်မယ်။

အဲဒီအမွေးကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး ရေနွေးထည့်ပါ။ ပြီးရင်တစ်ခေါက်လောက် ရေသွန်လိုက်ပြီး နောက်ထပ် ခွက်တစ်လုံးထဲကိုထည့်ကာ ရေနွေးလောင်းထည့်ပါ။ ပြီးရင် သကြား လက်ဖက်ရည်ဇွန်း တစ်၀က်လောက်ထည့်ပေးပါ။ (သို့) ပျားရည်ကိုအသုံးပြုလည်းရပါတယ်။

ပြီးရင် သံပုယိုသီးခွံ (သို့) ပူစီနံရွက်အနည်းငယ်ထည့်ပါ။ ပြီးရင် ၂ မိနစ်လောက်ထားပြီး ပြောင်းဖူးမွေးကို ဆယ်ပြီး သောက်နိုင်သလို မဆယ်ဘဲနဲ့ ဒီအတိုင်းလည်း သောက်နိုင်ပါတယ်။

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။