ပါးစပ်အပူကန်နာကို သက်သာသွားဖို့အတွက် စားပေးလို့ရတဲ့အရာများ

Health Knowledge
ပါးစပ်အပူကန်နာကို သက်သာသွားဖို့အတွက် စားပေးလို့ရတဲ့အရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပါးစပ်အပူကန်နာကို သက်သာသွားဖို့အတွက် စားပေးလို့ရတဲ့အရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပါးစပ်အပူကန်နာကို သက်သာသွားဖို့အတွက် စားပေးလို့ရတဲ့အရာများ

ပါးစပ်မှာ အပူကန်နာပေါက်ဖူးကြတယ်မလား..။ တချို့ဆို ခဏခဏပေါက်ဖူးကြပါတယ်နော်။ ပါးစပ်မှာ အပူကန်နာပေါက်တာက အရမ်းစိတ်ကသိကအောက်ဖြစ်ရပါတယ်။ အဲဒီလိုအချိန်မျိုးမှာ မိမိကြိုက်နှစ်သက်တဲ့ အပူအစပ်အစားအစာတွေကိုတောင် စားလို့မရအောင် အရမ်းနာကျင်ရပါတယ်။ အပူကန်နာသေးသေးလေးဖြစ်ရင်တောင် အစားအစာမျိုချဖို့ ခက်ခဲရပါတယ်။ အပူကန်နာက အစားအစာနဲ့ထိတွေ့မိတဲ့အခါမှာ အရမ်းနာကျင်ရလို့ပါပဲ။

ပါးစပ်အပူကန်နာက ဝမ်းချုပ်ရင်လည်း ပေါက်တတ်သလို ပါးစပ်ကို သွားနဲ့ကိုက်မိရင်လည်း ပါးစပ်အပူကန်နာဖြစ်လာတတ်ပါတယ်။ ပါးစပ်အပူကန်နာတွေက သွားဖုံး၊ လျှာ၊ နှုတ်ခမ်းတွေမှာ မကြာခဏတွေ့ရတတ်ပါတယ်။ ပါးစပ်အပူကန်နာကို လူတော်တော်များများကြုံတွေ့ခံစားရပါတယ်။

ပါးစပ်အပူကန်နာကို မကုသဘူးဆိုရင် အချိန်တော်တော်ကြာကြာနဲ့ ပျောက်မှာမဟုတ်ပါဘူး။ အနာက ပိုကြီးလာပြီး အရမ်းလည်းနာကျင်လာရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပါးစပ်အပူကန်နာက အသေးအမွှားပြဿနာဖြစ်တဲ့အတွက် အရမ်းကြီးကုသပေးစရာမလိုပါဘူး။ အဲဒီအနာကို ဆေးလိမ်းပေးလို့ရတဲ့အပြင် အနာသက်သာသွားဖို့အတွက် အဲဒီအချိန်အတွင်းမှာ သင့်စားတဲ့အစားစာကို ဂရုစိုက်ပေးဖို့ကလည်း အရေးကြီးလာပါတယ်။ ပါးစပ်အပူကန်နာပျောက်ဖို့အတွက် စားပေးသင့်တဲ့အစားအစာတွေကတော့

ပင်စိမ်း

ပင်စိမ်းက ပါးစပ်အပူကန်နာကို ကုသပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပင်စိမ်းရွက်အနည်းငယ်ကို ရေဆေးပြီး သေချာဝါးစားပေးကာ ရေသောက်ပေးရုံပါပဲ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အသားရေနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိတဲ့အပြင် တစ်ချိန်တည်းမှာပဲ ပါးစပ်အပူကန်နာကို သက်သာသွားအောင်ကူညီပေးနိုင်စွမ်းရှိပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်းစားပေးတာဖြစ်ဖြစ် ခရမ်းချဉ်သီးအရည်နဲ့ ပလုတ်ကျင်းပေးရင်ပဲဖြစ်ဖြစ် အပူကန်နာကို သက်သာသွားစေနိုင်ပါတယ်။

ပဲနံ့သာစေ့

ပဲနံ့သာစေ့ရော၊ အရွက်ရောက အာဟာရဓာတ်ပြည့်ဝပြီး အမျိုးမျိုးသော ဖျားနာတာတွေကို ကုသပေးတဲ့အပြင် ကာကွယ်လည်းပေးနိုင်ပါတယ်။ ပဲနံ့သာစေ့အရွက်အနည်းငယ်ကို ရေနဲ့ပြုတ်လိုက်ပြီး တစ်နေ့ကိ (၃-၄) ကြိမ်လောက် ပလုတ်ကျင်းပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးမယ်ဆိုရင် ပါးစပ်အပူကန်နာကိုသက်သာသွားစေနိုင်ပါတယ်။

နနွင်း

နနွင်းကလည်း နာကျင်မှုတွေကိုသက်သာသွားစေနိုင်တဲ့အရာပါပဲ။ အစားအစာထဲ ထည့်စားတာအပြင် ဂလစ်ဆရင်းအဆီ (၂-၃) စက်နဲ့ နနွင်းအနည်းငယ်တို့ကို သမအောင်ရောစပ်ပြီး ပါးစပ်အပူကန်နာမှာ လိမ်းပေးလို့ရပါတယ်။

အုန်းနို့ (သို့) အုန်းဆီ

ပါးစပ်အပူကန်နားမှာ အုန်းနို့အနည်းငယ် (သို့) အုန်းဆီနည်းနည်းကို လိမ်းပေးလို့ရပါတယ်။ အနာမှာ အချိန်ခဏလောက်ထားပြီး သန့်စင်ပစ်လိုက်ပါ။ ဒီနည်းက ပါးစပ်အပူကန်နာကို အလွယ်တကူသက်သာသွားစေနိုင်ပါတယ်။

 

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။