Barbie Signature 1977 အရုပ်လို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ ဘာဘီမင်းသမီး မားဂေါ့ရော်ဘီ

Celebrity International News
Barbie Signature 1977 အရုပ်လို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ ဘာဘီမင်းသမီး မားဂေါ့ရော်ဘီ

ပြီးခဲ့တဲ့နှစ်က ရုပ်ရှင်ချစ်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Barbie ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသမီးမားဂေါ့ရော်ဘီဟာ ၂၀၂၄ ခုနှစ်ရဲ့ Golden Globes ဆုပေးပွဲကို Barbie အရုပ်လို ဝတ်ဆင်လာခဲ့ပါတယ်။ Barbie Signature 1977 Superstar အရုပ် ဝတ်ဆင်တဲ့ ပန်းရောင်ဝတ်စုံလိုမျိုး ပွဲတက်ဂါဝန်ကို ဝတ်ဆင်လာခဲ့တာပါ။

အခုလိုဝတ်ဆင်တာက ဆုပေးပွဲနဲ့လိုက်ဖက်မှုရှိမယ်လို့ ထင်ခဲ့တာလို့ မားဂေါ့က ပြောပါတယ်။ မားဂေါ့က Barbie ပန်းရောင်ဝတ်စုံတွေကို ဆုပေးပွဲတော်တော်များများမှာ ဝတ်ဆင်ခဲ့ပြီးပါပြီ။

မားဂေါ့ ပါဝင်ခဲ့တဲ့ Barbie ဇာတ်ကားက Golden Globes ဆုပေးပွဲမှာ ဆန်ခါတင် ၉ နေရာ ဝင်ခဲ့ပါတယ်။ မားဂေါ့ကလည်း Musical or Comedy အမျိုးအစားမှာ အကောင်းဆုံးအမျိုးသမီးဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ Barbie ဇာတ်ကားက Cinematic and Box Office Achievement ဆုကို ရရှိခဲ့တဲ့အပြင် အဆိုတော် ဘီလ်လီ အီလစ်ချ်ကလည်း Barbie ဇာတ်ကားထဲက What Was I Made for သီချင်းနဲ့ အကောင်းဆုံးသီချင်းဆုကို ရရှိခဲ့ပါတယ်။

Barbie ဇာတ်ကားက ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံကျော် ဝင်အောင်လုပ်ခဲ့ပြီး တစ်နှစ်တာဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။