ဒေ၀ နဲ့ ပရမ်ဆမ်နန် လက်ဝှေ့ပွဲ သရေကျ

International News Sports
ဒေ၀ နဲ့ ပရမ်ဆမ်နန် လက်ဝှေ့ပွဲ သရေကျ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေ၀ နဲ့ ပရမ်ဆမ်နန် လက်ဝှေ့ပွဲ သရေကျ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေ၀ နဲ့ ပရမ်ဆမ်နန် လက်ဝှေ့ပွဲ သရေကျ

လက်ဝှေ့ ချန်ပီယံခါးပတ် ၆ ကြိမ်တိုင် ဆွတ်ခူးထားပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုကစားနေတဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ် လက်ဒစ် ခေါ် ဒေ၀နဲ့ အရှေ့တောင်အာရှ လက်ဝှေ့ ချန်ပီယံ ပရန်ဆမ်နန်တို့ရဲ့ ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ နှစ်ဖက် အလဲမထိုးနိုင်ပဲ သရေကျခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နို၀င်ဘာာ ၅ ရက် ညပိုင်းမှာ ထိုးသတ်တဲ့ပွဲမှာ ၉ မိနစ်တစ်ချီပဲကစားပြီး အမှတ်ပေးဆုံးဖြတ်ချက်မပါဘဲ ကစားခဲ့ကြတာပါ။

ဒေဝဟာ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ ၉ မိနစ်အတွင်း အလဲထိုး အနိုင်မယူနိုင်တဲ့အတွက် သရေကျသွားပါတယ်။

ဒေဝရဲ့ လက်သီးချက်တွေ၊ ခြေကန်ချက်တွေကြောင့် ပရမ်ဆန်နန်ဟာ ကြမ်းပြင်ထက် ၃ ကြိမ်လောက် လဲကျသွားခဲ့သလို မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့ ဖူးရောင်သွားခဲ့ပါတယ်။

ပွဲမကျင်းပခင် တစ်ရက်အလိုတုန်းကတော့ ဒေ၀က သူ့ရဲ့ နောက်ဆုံးပွဲမှာ ခါးပတ်လိုချင်တာကြောင့် ရေကုန်ရေခန်း ကြိုးစားသွားမယ်၊ တကယ်လို့ သရေကျခဲ့ပြီး ပွဲမှာ သူက လွှမ်းမိုးကစားနိုင်ခဲ့ရင်လည်း ကျေနပ်ပါတယ်လို့ ဒီပွဲမတိုင်ခင်က ဘီဘီစီ သီးသန့် မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။