ဘာပဲခက်ခက်ဆွမ်းချက်ကပ်ပါ

Astrology
ဘာပဲခက်ခက်ဆွမ်းချက်ကပ်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘာပဲခက်ခက်ဆွမ်းချက်ကပ်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘာပဲခက်ခက်ဆွမ်းချက်ကပ်ပါ

ကျွန်တော်တို့ လူသားတွေအနေနဲ့ လူရယ်လို့ဖြစ်လာပြီဆိုကတည်းက အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရစမြဲပင် ။

ဘယ်ရွေ့ဘယ်မျှလောက် ကြွယ်ဝချမ်းသာနေပါစေအခက်အခဲ (ဒုက္ခ)ကတော့ ကြု
တွေ့ရမှာ ဖြစ်ပါတယ် ။ရှောင်ဖယ် တိမ်းရှောင်လို့ မလွတ်နိုင်ပါဘူး ။
အဲဒီလို အခက်အခဲ တစ်စုံတရာကြုံဆုံခဲ့ရင်ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြစ်ဖြစ် ၊ နီးစပ်ရာအပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီနဲ့ဖြစ်ဖြစ် ဖြေရှင်းကြရပါတယ် ။ဖြေရှင်းလို့ရတဲ့ အခါရှိသလိုဖြေရှင်းလို့ မရတဲ့အခါလည်းကြုံရတတ်ပါတယ် ။

အဲဒီလိုကြုံခဲ့ရင်….အခုပြောတဲ့ ယတြာကို လုပ်ကြည့်ပါ ။ရှေးဆရာသခင်ကြီးတွေ ရှာဖွေဖော်ထုတ် လမ်းပြကူညီမှုပေးခဲ့တဲ့ ယတြာကောင်း ဖြစ်ပါတယ် ။ နောက်ပြီး ကုသိုလ်လည်း ရရှိစေပါမယ် ။

ယတြာက

အခက်အခဲ ကြုံတွေ့နေရသူတွေ အနေနဲ့မနက်စောစောရောက်တိုင်းနေအိမ်ရှိဘုရားကို မိမိတတ်အားသရွေ့ ဆွမ်းနဲ့ဆွမ်းဟင်းကို သန့်ပြန့်စွာ (ကိုယ်တိုင်ကိုယ်ကျ)ချက်ပြုတ် လှူဒါန်းကပ်ပေးပါ ။

လှူဒါန်းပေးနေချိန်မှာလည်း မိမိမှာ ကြုံတွေ့နေရတဲ့အခက်အခဲ တစ်စုံတရာ ပြေလည်သွားစေဖို့ စနစ်တကျဆုတောင်းပေးပါ ။

အခုလိုနေ့စဥ် နံနက်တိုင်း မပျက်မကွက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ် ဆွမ်းတော်ကပ် လှူသွားမယ်ဆိုရင် (၃)လအတွင်းမှာပဲ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲကနေအကြောင်းတစ်မျိုးမျိုးနဲ့ ကျော်လွှား အောင်မြင်သွားပါလိမ့်မယ် ။ လှူဒါန်းပြီးရင်လည်း စွန့်ယူ စားသောက်နိုင်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။