ဘေးကျပ်နံကြပ်အခက်တွေ့နေသူများအတွက်ယတြာ

Astrology
ဘေးကျပ်နံကြပ်အခက်တွေ့နေသူများအတွက်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘေးကျပ်နံကြပ်အခက်တွေ့နေသူများအတွက်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘေးကျပ်နံကြပ်အခက်တွေ့နေသူများအတွက်ယတြာ

ဤယတြာကို စီးပွားရေး လုပ်ငန်းအဖြာဖြာတွင် ဘေးကျပ်နံကြပ်ဖြစ်၍ အတိဒုက္ခရောက်နေသူများအတွက် အားကိုးစရာ ကံကြမ္မာအလှည့်အပြောင်း တစ်ချက်ကောင်း ကြုံစေရန် မည်သူမဆို ဆောင်ရွက်နိုင်သည် ။ အဆင်ပြေချောမောနေသူများ လုပ်စရာမလိုပါ ။

စီးပွားပျက် ၊ အလုပ်ပြုတ် ၊ အိမ်တွင်းရေး မသာယာ ၊ အကြွေးပူ ၊ အိမ်ထောင်ရေး မကောင်း ၊ လူမှုရေး အနှောက်အယှက်များ ၊ အမှုအခင်းကြုံဆိုးခြင်းအဖြာဖြာ ဥပါဒ်အသွယ်သွယ်နှင့် ရင်ဆိုင်နေရ၍ ကိုယ့်ကိုကို thet thayချင်လောက်အောင် စိတ်ညစ် စိတ်ဓာတ်ကျနေသူများ ဆောင်ရွက်လိုက်ပါ ။ မုချ မလွဲမသွေ စိတ်ချမ်းမြေ့စရာများနှင့် အဆင်ပြေရန်အကြောင်းအရာများ ပေါ်ပေါက်လာပါလိမ့်မည် ။

လုပ်ရမည့်ယတြာ

အစွန်းအထင်းကင်းစင်သော သန့်ရှင်းသည့်လျှောက်လွှာစက္ကူဖြူ သို့မဟုတ် ကွန်ပြူတာစက္ကူအဖြူ တစ်ရွက်အား ကတော့ထိုးပါ ။ ၎င်းစက္ကူကတော့ အတွင်း၌ ပိတောက်ညွန့် (၁၂)ညွန့် ထည့်ပါ ။ ထန်းလျှက်ခဲ (၁၁)ခဲ ထည့်ပါ ။ ထို့နောက် နဂါးရုံဘုရား တစ်ဆူဆူတွင် နေ့သားအလိုက် သတ်မှတ်ထားသော အချိန်တွင် မကြာခဏ သွားရောက် လှူဒါန်းပူဇော် ဆုတောင်းပေးပါ ။

နေ့သားအလိုက်ဆောင်ရွက်ရမည့်အချိန်များ

တနင်္ဂနွေသားသမီးများ – တနင်္လာနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား ။
တနင်္လာသားသမီးများ – အင်္ဂါနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား ။
အင်္ဂါသားသမီးများ – ဗုဒ္ဓဟူးနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား ။
ဗုဒ္ဓဟူးသားသမိးများ – ကြာသပတေးနေ့ နံက် ၉း၀၀ မှ ၁၀း၃၀ ကြား ။
ကြာသပတေးသားသမီးများ – သောကြာနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား ။
သောကြာသားသမီးများ – စနေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား ။
စနေသားသမီးများ – တနင်္ဂနွေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား ။

ကျန် အချိ်န်များ ပြုလုပ်၍ မရနိုင်ပါ ။ ပြုလုပ်ခဲ့သော် ယတြာမစွမ်းနိုင်ပါ ။ အမဲသား ၊ ကျွဲသား ၊ သေရည် သေရက် မူးယစ်ဆေဝါးတို့ကိုရှောင်ရှားပြီးမှ ယတြာပြုလုပ်ပေးပါ ။

အားလုံးဘေးကျပ် နံကြပ် အဆင်မပြေမှုများမှ ကင်းဝေးနိုင်ကြပါစေ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။