အိမ်ထောင်ရှိ တရုတ်အမျိုးသမီးက အခြားယောကျာ်း ၃ ဦးနဲ့ မင်္ဂလာဆောင်ခဲ့ပြီး ဒေါ်လာ ၁ သိန်းနီးပါး လိမ်လည်ခဲ့

International News
အိမ်ထောင်ရှိ တရုတ်အမျိုးသမီးက အခြားယောကျာ်း ၃ ဦးနဲ့ မင်္ဂလာဆောင်ခဲ့ပြီး ဒေါ်လာ ၁ သိန်းနီးပါး လိမ်လည်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ထောင်ရှိ တရုတ်အမျိုးသမီးက အခြားယောကျာ်း ၃ ဦးနဲ့ မင်္ဂလာဆောင်ခဲ့ပြီး ဒေါ်လာ ၁ သိန်းနီးပါး လိမ်လည်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရှိ တရုတ်အမျိုးသမီးက အခြားယောကျာ်း ၃ ဦးနဲ့ မင်္ဂလာဆောင်ခဲ့ပြီး ဒေါ်လာ ၁ သိန်းနီးပါး လိမ်လည်ခဲ့

အိမ်ထောင်ရှိတဲ့ တရုတ်အမျိုးသမီးတစ်ယောက်ဟာ နောက်ထပ်ယောကျာ်း ၃ ယောက်နဲ့ မင်္ဂလာဆောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိမ်ညာရယူခဲ့တာကြောင့် လိမ်လည်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ ကျိုးလို့ အမည်ရတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးဟာ ကလေးတစ်ယောက်အမေဖြစ်ပေမဲ့ ရုပ်ရည်ချောမောလှပပြီး အပျိုလို့ အထင်ခံရသူပါ။ ကျိုးရဲ့ ခင်ပွန်းက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်လို့ ငွေကြေးအဆင်ပြေပေမဲ့ အလုပ်တွေနဲ့ပဲ အချိန်ကုန်နေပြီး သူ့အပေါ် အချိန်သိပ်မပေးနိုင်ပါဘူး။

ဒါကြောင့်လည်း ကျိုးအနေနဲ့ သူ့ရဲ့အရှုပ်ဇာတ်ကို နှစ်နဲ့ချီအောင် ဖုံးကွယ်ထားနိုင်ခဲ့တာပါ။ ကျိုးဟာ အခြားယောကျာ်း ၃ ယောက်နဲ့ တပြိုင်တည်း တွဲခဲ့ပြီး မင်္ဂလာပွဲတွေလည်း လုပ်ခဲ့ပါတယ်။ တရားရုံးမှာ လက်မှတ်ထိုးရင် သူ့ရဲ့ သရုပ်မှန် ပေါ်သွားနိုင်လို့ ကျိုးက တရားရုံးမှာ လက်မှတ်ထိုးဖို့ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ပေမဲ့ လက်ဖွဲ့ပစ္စည်းတွေ ရယူလိုတာကြောင့် မင်္ဂလာဆောင် အခမ်းအနားတွေကိုတော့ လိုလိုလားလား လက်ခံခဲ့ပါတယ်။

အဲဒီအခမ်းအနားတွေမှာ သူ့ရဲ့မိတ်ဆွေ၊ အပေါင်းအသင်းအဖြစ် ဟန်ဆောင်ပေးဖို့ သူစိမ်းတွေကို အခကြေးငွေပေးပြီး ငှားရမ်းလေ့ရှိသလို သူတို့အိမ်ကို ဟန်ဆောင် လာလည်ဖို့လည်း အခကြေးငွေပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ကျိုးက ကျန်းလို့ အမည်ရတဲ့ အမျိုးသားဆီက ငွေထပ်ညှစ်ဖို့အတွက် သူ့မှာ အမြွှာကိုယ်ဝန်ဆောင်ထားရပြီလို့ လိမ်ပြောပါတယ်။

သူ့အမေနဲ့အတူ အခြားမြို့မှာ ကလေး သွားမွေးမယ်ဆိုပြီး ကျန်းဆီက မီးဖွားစရိတ် တောင်းပါတယ်။ သူက ဆေးမှတ်တမ်းအတုတွေ၊ ဓာတ်ပုံအတုတွေကို သုံးပြီး လိမ်လည်ခဲ့တာပါ။ အဲဒီနောက် အွန်လိုင်းပေါ်ကနေ အမြွှာကလေးငယ် ဓာတ်ပုံတွေကို ကျန်းဆီ ပို့ပါတယ်။ ဒါပေမဲ့ သူပို့တဲ့ ဓာတ်ပုံထဲက ကလေးတွေကို သူတို့ရဲ့မိခင်အရင်းနဲ့အတူ မြင်လိုက်ရချိန်မှာ ကျန်းက သံသယဖြစ်သွားခဲ့ပါတယ်။

ကျိုးက လူတစ်ယောက်ကို ပိုက်ဆံပေးပြီး သူ့ကို မီးဖွားပေးတဲ့ ဆရာဝန်အဖြစ် ဟန်ဆောင်လိမ်ညာဖို့ ကြိုးစားခဲ့ပေမဲ့ ကျန်းရဲ့မေးခွန်းတွေကိုတော့ အဖြေမပေးနိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာ သံသယရှိနေတဲ့ ကျန်းက ကျိုးအကြောင်း စုံစမ်းကြည့်တဲ့အခါ အိမ်ထောင်ရှိ ကလေးတစ်ယောက်မိခင် ဖြစ်နေမှန်း သိခဲ့တာပါ။

အဲဒီအတွက် ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီး သူ့အပြင် အခြားအမျိုးသားနှစ်ယောက်ကိုပါ လိမ်ညာခဲ့တဲ့ ကျိုးရဲ့လုပ်ရပ်တွေ ပေါ်ပေါက်ခဲ့တာပါ။ ကျိုးဟာ အမျိုးသား ၃ ယောက်ထံကနေ စုစုပေါင်း ဒေါ်လာ ၉၂၀၀၀ အထိ လိမ်လည်ရယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုတွေမှာ တွေ့ရပါတယ်။

ကျိုးရဲ့ လုပ်ရပ်တွေကို သိသွားတဲ့ ခင်ပွန်းဖြစ်သူကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ သူ့ကို ကွာရှင်းခဲ့ပါတယ်။ ငွေကြေး အဆင်ပြေလျက်သားနဲ့ ကျိုးက ဘာကြောင့် ဒီလို လိမ်လည်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ စွဲချက်တွေအရ ကျိုးဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရဖွယ် ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။