ဈေးဝယ်ဖို့ အခက်ခဲဆုံး Convenience store

International News
ဈေးဝယ်ဖို့ အခက်ခဲဆုံး Convenience store

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဈေးဝယ်ဖို့ အခက်ခဲဆုံး Convenience store ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဈေးဝယ်ဖို့ အခက်ခဲဆုံး Convenience store

Convenience store ဆိုတာ သက်သောင့်သက်သာနဲ့ အလွယ်တကူ ဝယ်ယူနိုင်စေဖို့ ရည်ရွယ်တဲ့ စတိုးဆိုင်လေးတွေပါ။ ဒါပေမဲ့ တရုတ်နိုင်ငံက convenience store ဆိုင် တစ်ဆိုင်ကတော့ ဈေးဝယ်ဖို့ အခက်ခဲဆုံး စတိုးဆိုင်လို့ ဆိုရမှာပါ။ မြေပြင်အထက် ၃၉၄ ပေ အမြင့်မှာရှိပြီး တောင်နံရံတစ်ခုမှာ ဆောက်ထားပါတယ်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ရှင်ဂျူကျိုင်းရှုမျှော်ခင်းဇုန်ထဲမှာ တည်ရှိတာပါ။

အဲဒီစတိုးဆိုင်ကို သွားဖို့အတွက် စီစဉ်ထားတဲ့ သံလက်ရန်းတွေကတော့ မီတာ ၈၀၀ ရှည်လျားပါတယ်။ စတိုးဆိုင် ဆောက်လုပ်ဖို့ တစ်နှစ်ကြာ အချိန်ယူခဲ့ရပြီး ၂၀၁၈ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာပါ။ ဒီလအတွင်း တရုတ်နိုင်ငံပိုင်မီဒီယာက အဲဒီစတိုးဆိုင်အကြောင်း ဖော်ပြခဲ့ပြီးနောက် ဒီအကြောင်း တစ်ကျော့ပြန် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
အဲဒီစတိုးဆိုင်ကို ရောက်ဖို့ မိနစ် ၉၀ ကြာ တောင်တက်ရပြီး စတိုးဆိုင် ရောက်လာသူတိုင်းကို ရေသန့်တစ်ဘူး အခမဲ့ပေးပါတယ်။ အဲဒီစတိုးဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေကတော့ နေ့စဉ်နေ့တိုင်း ဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ကျောပိုးအိတ်ထဲထည့်ကာ သယ်ဆောင်ရလေ့ရှိပြီး အချိုရည်တစ်ဘူးကို ၅ ယွမ်ကနေ ၇ ယွမ်ကြား ရောင်းချလေ့ရှိပါတယ်။

လူဦးရေ ၆၄ သန်း နေထိုင်ပြီး ကုန်းတွင်းပိတ်ဒေသဖြစ်တဲ့ ဟူနန်ပြည်နယ်မှာ ကျန်းကျားကျီအမျိုးသားဥယျာဉ်၊ တရုတ်နိုင်ငံရဲ့ ပထမဆုံး ဖန်သားလျှောက်လမ်းတံတားဖြစ်တဲ့ Brave Men’s Bridge တံတားတည်ရှိရာ ရှင်ဂျူကျိုင်း ရှုမျှော်ခင်းဇုန် အစရှိတဲ့ အထင်ကရနေရာတွေလည်း ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။