သူ့ရဲ့ပထမဆုံးဇာတ်ကားအတွက် တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့တယ်ဆိုတဲ့ မင်းသားကြီး ဂျက်လီ

Celebrity International News
သူ့ရဲ့ပထမဆုံးဇာတ်ကားအတွက် တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့တယ်ဆိုတဲ့ မင်းသားကြီး ဂျက်လီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့ရဲ့ပထမဆုံးဇာတ်ကားအတွက် တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့တယ်ဆိုတဲ့ မင်းသားကြီး ဂျက်လီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံးဇာတ်ကားအတွက် တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့တယ်ဆိုတဲ့ မင်းသားကြီး ဂျက်လီ

ကိုယ်ခံပညာအကျော်အမော်မင်းသားကြီး ဂျက်လီဟာ အကျော်ကြားဆုံးအက်ရှင်မင်းသားကြီးတွေထဲက တစ်ဦးပေမဲ့ သူ့ရဲ့သရုပ်ဆောင်ဘဝအစမှာ ဘယ်လောက်ခက်ခဲကြမ်းတမ်းခဲ့လဲဆိုတာကိုတော့ လူအများမသိကြပါဘူး။ ၁၉၈၀ ပြည့်နှစ်က သူ့ရဲ့ပထမဆုံးဇာတ်ကား Shaolin Temple ကို သရုပ်ဆောင်တဲ့အချိန် တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့တာပါ။ ဒီအကြောင်းကို အသက် ၆၀ ရှိပြီးဖြစ်တဲ့ ဂျက်လီက Looking for Jet Li:Beyond Life and Death ဆိုတဲ့ သူ့ရဲ့စာအုပ်အသစ်မှာ ထုတ်ပြောပြခဲ့တာပါ။

ရုပ်ရှင်လောကမှာ ရှင်သန်ဖို့ လက်တွေ၊ ခြေတွေကျိုးတဲ့အထိ လုပ်ခဲ့တဲ့အရာက ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေ ဝင်တဲ့သူတွေနဲ့ ယှဉ်လို့မရခဲ့ဘူးလို့ သူက ဆိုပါတယ်။ အဲဒီအချိန်တုန်းက ဂျက်လီဟာ အသက် ၁၇ နှစ်ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကိုယ်ခံပညာသမားတစ်ယောက်ပါ။ တစ်နေ့ကို ၁ ယွမ်ပဲ ရခဲ့ပေမဲ့ သူက မင်းသားဖြစ်လာဖို့အတွက် စိတ်အားထက်သန်နေခဲ့ပါတယ်။

၁၉၈၁ ခုနှစ်မှာ ရုပ်ရှင်ရိုက်ပြီးသွားတော့ သူ့ကို ကိုယ်ခံပညာပြိုင်ပွဲတွေမှာ ပြန်ပြီးဝင်ပြိုင်စေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အားကစားသမားအဖြစ် ပြန်သွားမယ်ဆိုရင် သူ့ရဲ့သရုပ်ဆောင်အလုပ်က ရပ်တန့်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့စည်းမျဉ်းကြောင့် ပြိုင်ပွဲဝင်ပြိုင်ဖို့ ငြင်းလို့မရခဲ့ဘူး။ ပြိုင်ပွဲက နှုတ်ထွက်ဖို့ သူ လုပ်နိုင်တဲ့အရာက ဒဏ်ရာရအောင်လုပ်ဖို့ပဲ။ သူ ဒဏ်ရာရဖို့အတွက် နေ့ရောညပါ မျှော်လင့်မိနေတော့တယ်လို့ ဂျက်လီက ပြောပါတယ်။

နောက်ဆုံးမှာတော့ သူ မျှော်လင့်သလိုဖြစ်လာခဲ့ပါတယ်။ လေ့ကျင့်ရေးလုပ်စဉ်အတွင်း ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သူ့ဆရာဝန်ကလည်း အားကစားသမားအဖြစ် လုပ်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ စာထုတ်ပေးခဲ့ပါတယ်။ အဲဒီမှာ အားကစားသမားအဖြစ် အသက်မွေးဝမ်းကြောင်းမှုအဆုံးသတ်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ Shaolin Temple ထွက်ရှိတဲ့အျိန်မှာ ဂျက်လီကို လူသိများသွားခဲ့ပြီး သူ့လက်မှတ်တောင်းတဲ့သူတွေအပြင် အင်တာဗျူးဖြေကြားဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတော့တယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။