ခြေလှမ်းမှားစပြု လာသောသားသမီးများအတွက်ယတြာ

Astrology
ခြေလှမ်းမှားစပြု လာသောသားသမီးများအတွက်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြေလှမ်းမှားစပြု လာသောသားသမီးများအတွက်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြေလှမ်းမှားစပြု လာသောသားသမီးများအတွက်ယတြာ

အချို့သော မိဘများသည် သားသမီးများ ထိန်းရခက်လာသော အခါများတွင် သောကများကြသည်ကို မကြာခဏ တွေ့ခဲ့ရဘူးသည်။လိမ္မာရေးခြားရှိသော်လည်း အပေါင်းအသင်းကြောင့်လည်းကောင်း နေရာဒေသကြောင့်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်လည်းကောင်း မူးယစ်ဆေးသုံးစွဲတက်လာခြင်း အရက်သေစာသောက်စားခြင်း အပျော်အပါးလောင်းကစား ဝါသနာထုံလာခြင်းများ ဖြစ်လာတက်ကြသည် ဤကိစ္စရပ်များကို မြန့်မာရိုးရာ အင်္ဂဝိဇ္ဇာပညာဖြင့် လွယ်ကူထိရောက်သော နည်းဖြင့် ဖြေရှင်းနိူင်ပါသည်

ဇာတာရှင် ကလေးငယ်၏ ဆပွတ်အညွန့်နှင့် အညွန့်နံကို ကြွေပန်းကံတွင်ထည့်ပြီး ဘုရားကပ်လှူ ဆုတောင်းခြင်းဖြစ်ပါသည်။ ဆပွတ်ကိုသုံစွဲခြင်းဖြင့် သူ့ကိုနိူင်လို ဆကိုခိုဟူသော လင်္ကါအရ မိဘစကားနားထောင်စေရန် ပြောရေးဆိုရေးနားဝင်စေရန်သုံးသည်။ အညွန့်သုံးဆွဲ ခြင်းသည် သားသမီး၏တိုးတက်ရာ တိုးတက်ကြောင်းကို အထောက်အကူပြုစေရန် အသုံးပြုသည်။

နေ့အလိုက်တင်ရန် အညွန့်များသည်

နေ့သား တင်ရန်ဆပွတ်+အညွန့်နံ အရွတ် ဘုမ္မိအရပ်

၁နွေ သီဟိုညွန့် +ကံကော်ညွန့် တောင်အရပ်
၂လာ ဒန်ညွန့် +ဇီးညွန့် အနောက်တောင်အရပ်
၃ဂါ အုန်းညွန့် +ရွတ်လှညွန့် အနောက်အရပ်
၄ဟူး ကံကော်ညွန့် +ပျဥ်းမညွန့် အနောက်မြောက်
၅တေး ဇီးညွန့် +သီဟိုညွန့် အရှေ့မြောက်အရပ်
၆ကြာ ရွတ်လှညွန့် +ဒန်ညွန့် အရှေ့တောင်အရပ်
စနေ ပျဥ်းမညွန့် +အုန်းညွန့် မြောက်အရပ်
နေ့သားအလိုက် တစ်ညွန့်စီသာ တင်ရန်ဖြစ်ပါသည်

ပန်းအိုးနှင့်တင်ရသည်မဟုတ်ဘဲ ပန်းကန်ပြားတွင် ထည့်၍ တင်ရန်ဖြစ်ပါသည်။ ထို့သို့တင်၍ ၃ရက်ခန့်ထားကာ နေ့သားအလိုက် ဘုမ္မိအရပ်သို့ စွန့်ပစ်ရမည် ဘုမ္မိအရပ်ကို အထက်တွင် ဖော်ပြထားပါသည်။ သားသမီးဖြစ်သူ၏ မွေးနေ့နံနက် ၆နာရီမှ ၇ခှဲတှငွ လုပ်ဆောင်ရမည်။

ဥပမာ- တနင်္ဂနွေသားသမီးတစ်ဦးသည် ခြေလှမ်းမှား ကျောင်းစာစိတ်မဝင်စား အပေါင်းအသင်းညအပျော်အပါးများကြောင့် ခြေလှမ်းများ ပျက်လာသောအခါ တနင်္ဂနွေနေ့ မနက်၆နာရီမှ ၇နာရီခှဲအတှငွး သီဟိုညွန့်တညွန့်နှင့် ကံကော်ညွန့်တညွန့်ကို ကြွေပန်းကန်ပြားတွင်ထည့်၍ မိဘဖြစ်သူမှ ဘုရားတွင် လှူဒါန်းပြီး လိုရာဆုတောင်းပေးရမည်။ထိုနောက် ၃ခန့်ထားပြီး နောက်နေ့မနက်တွင် တောင်အရပ်တွင် သွားရောက်စွန့်ပစ်ရမည်။ အခြားနေ့များလဲ ဤဥပမာ နည်းအတိုင်း လုပ်ဆောင်ပါ။

ရေးသားသူ –မနောမယဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။